Pages

Sunday, August 23, 2015

***တမ်းတမှု ခြေရာ***

အထီးကျန်ခြင်းနဲ့ ချစ်ခြင်းကြားမှာ လွန်ဆွဲရင်း
ဘဝက အလင်းမဲ့လာတယ်။

ကဗျာဆိုတာကို ဖက်တွယ်ရင်း
ခံစားချက်တွေ ဖွင့်ထုတ်ချင်ပေမဲ့
နှလုံးသားက ဆေးခါးပဲကြိတ်မျိုနေရသေး။

အမှားမှန်တွေရဲ့ ဒွိဟကြား
သံယောဇဉ်တံတားလေး တစ်ခုရှိနေစေချင်တာ
လိုအပ်ဆုံးသော ဆုလဒ်တစ်ခုပါ။

အတိတ်ရယ် ကမ္ဘာမခြားခင်လေး
ပြန်လာပေးပါလားကွယ်။

လရိပ်လေး (မောင်းမကန်)
၁၈. ၈ .၂၀၁၅
http://layeiklay.blogspot.com/

No comments:

Post a Comment