Pages

Saturday, October 27, 2012

မောင်သိပါစေ



မဘဝမှာ တကယ်တော့
မောင့်ရဲ့အကြည့်တစ်ချက်နဲ့တင်
အငိုက်မိခဲ့တာပါမောင်။

မိုးပျိုမှာ တော့ မကြောက်
မြေပျိုမှာ ကြောက်တဲ့သူလို
ခြေလွှာချရမှာတောင်
စိုးထိပ်လို့ နေမိတယ်  မောင်။

မေရုကို စုဒ်ထိုးလို့ မှင်ရေသမုဒ်နဲ့
ကောင်းကင်ကို ဆေးခြယ်ရင်တောင်
အရုပ်မဖြစ်ခဲ့တဲ့ သူပါ။

မောင့်ရှေ့ကို လှမ်းရောက်ခဲ့တာတောင်
ဆွံအအ သွားတာက
ဘယ်လိုအမှုမျိုးပါလဲ မောင်။

ထိုင်နေရင် အကောင်းသား
ထသွားမှ ကျိုးမှန်းသိဆိုသလို
မောင့်ကိုတွေ့ရင် မရဲ့အသိစိတ်တွေက
အလိုလို ဝေဝါးသွားခဲ့ရတယ် မောင်။

အဆင်သ့င်ပေမယ့် မပြင်မိတဲ့ မ..အဖြစ်တွေက
ရင်ကိုမချိအောင် လွမ်းမဲ့အဖြစ်ဆိုတာ
မသိခဲ့ရိုး အမှန်ပါ..မောင်။

မောင်ရယ် …..
အခုတော့ ကြင်ဖော်တစ်စုနဲ့
မောင်ပျော်ရက်ပြီနော်….။

ရက်စွဲတွေနဲ့ တစ်ချက်မလွဲ မှတ်ခဲ့ပေမယ့်
မောင်က ရက်စက်ခဲ့တယ်နော်
ပန္နက်စွဲခဲ့တဲ့အသဲက မောင့်အတွက်ပါ။

ရည်ရွယ်ဘူးတဲ့ အချစ်ဖူးတွေက
အခုတော့လေ..
မောင့်အတွက် နိုးစက်တစ်ခုလို
အနှောက်ယှက်တဲ့လားကွယ်။

အရင်မလိုခဲ့ပေမယ့် မောင်ကတော့လေ
လေတံခွန်လို အတင်းရုန်းလို့
ငြင်းချင်တုံးပါလား မောင်ရယ်…။

မောင်..မသိမ်းချင်ပေမယ့်…
အပိုးမကျိုးတတ်သေးတဲ့ မ  နှလုံးသားကတော့
မောင်ရယ်…ပျိုးပီးရင်းပျိုး ဆိုးပီးရင်းဆိုးလို့ပါပဲ။

No comments:

Post a Comment