Pages

Saturday, October 20, 2012

နွေသခင်သို့


အသည်းပိုလည်း မရှိတော့ အမြဲရင်မချိပါဘူး
သူ..မကြင်ရက်စက်တော့ အတွေးနက်နက်နဲ့ ဖြေမရွှင်
နွေအပင်လို ဝေလဲမဝေ ကြွေလဲမကြွေတတ်ပြန်တော့
သေစေရန် ညွှန်းစေရော့သလား
နေမင်းလို နှင်းပွင့်ကို အပူပေးကာ ခြွေချင်သူရယ်
ဒီနွေလေပွေရူးလို ပျော်မြူးမယ်သခင်ထင်နေသလား
ဟိုယခင်အတိတ်ကြောင်းကိုပြန်ပြောင်းကာ တွေးတွေးမိရင်
မမေ့ရက်ခဲ့တဲ့နေ့ရက်တွေ မနေ့ကလိုပါပဲ သခင်ရယ်။

သြော်…အခုတော့နေ့ရက်တွေ ရွေ့လျား မျက်လှည့်အသွင်လှည့်စား
ပြုအားရက်တာ ကဝေရှင်လား ဟင်
အို နွေသခင်ရယ်…
ကြွေရင်ထဲဆူ ဆူ ဆူတော့ အပူ အပူမလျော့ပါလားကွယ်။

ဖြူလွှလွှအသည်းလွှာမှာ အရောင်ဖျော့ဖျော့နွမ်းလျအောင်
ငိုချင်းချအလွမ်းသီချင်းတစ်ပုဒ်နဲ့ ဥသြကို တေးဆိုစေခဲ့လေသလားလေ။

နွမ်းကြွေတဲ့ နွေခရီးထက်မှာ
အလွမ်းတွေခင်း လေပြေညှင်းနှင်းဆက်လို့
ကြွေမွမွအသည်းမှာ ခြေချနင်းစေခဲ့သလား သခင်။

အပြုံးကိုတမာစွေ အမုန်းဆိုတာနွေ အချစ်ခရီးမှာအလွမ်းတွေဝေလို့
အခန်းဆက်နွေ ရင်ထဲမတော့ မချိရတက်ပွေ သိနေလျက်နဲ့
ဝိပါတ်ကြမ္မာငင်ရော့လေသလား ….. နွေသခင်ရယ်။

မိုးစက်ငံ့ရင်း ရင်မှာထွေးဖက် ဆွေးလျက်နဲ့ပဲ
နွေတေးရှင်ကို သံယောဇဉ်ကြိုး ရစ်နှောင်ထုံးလို့ မမေ့နိုင်ပါ
အလွမ်းတေးနဲ့ ကျေ ကျေ ကျေနပ်ပါတော့ နွေသခင်ရေ။

No comments:

Post a Comment