Pages

Tuesday, October 2, 2012

ငြိမ်းချမ်းရေး ခရီးသည်



တိုးတက်တဲ့မြေမဟာ ပြောသမျှကဗလာ
လောဘနဲ့မောဟ သောကတွေဗလပွ
သြချကာပြောလောက်စရာမို့
မောလှပေါ့ လူသားတွေ။

ပြောမဝတဲ့ တောအလှ ရောချကာသုံးလိုက်ပြီ
ခေတ်မှီတဲ့အတွေးသစ်ဆီ မြေမဟီတကယ်တည်ကြည်သင့်ပါရဲ့
လူမပီတဏှာမှီအရူးတွေကြောင့် ကဗျာမပီစာမမှီဖြစ်ပြီပေါ့
ဋ္ဌာနီပြည်ကြီး အပူတွေသိုမှီးလို့
ရှုမငြီးတဲ့အလှတွေပြုန်း ပြောပြလို့မဆုံး။

အသုံးမကျတဲ့အတွေးဝင် သဘာဝကိုအလှမထင်
မြင်မြင်သမျှ ခြယ်သကာအမွှမ်းတင်
ကျွမ်းမဝင်တဲ့ဓလေ့တွေနဲ့ငြမ်းဆင်ကာ
အရမ်းပြင်လေတော့ မြန်းလေပေါ့အလှတရား။

တောတောင်အလှများ မက်မပြေတကယ်စွဲစေအား
များလေတဲ့သယံဇာတ လှမ်းလေသမျှတကယ်ရ
အမျိုးတွေကငတုံးငအ အသုံးချကာမထား
ပြောသမျှယုံစား ဘေးကလူစားပြီပေါ့။

ရောရောင်ကာ ပျောက်မသွားအောင်
အမောင်လုလင်ငယ်တို့ စွမ်းဆောင်လို့ကြိုးစား
လမ်းရောင်လို့မမှားစေနဲ့ အားတွေနဲ့ဖြည့်စွက် 
အလင်းရောင်နဲ့မိတ်ဆက် ငြိမ်းစေဖို့ရှေ့ဆက်။

No comments:

Post a Comment