Pages

Thursday, October 25, 2012

အမေ့ဆီ



အတောင်မစုံ ကြင်ဖော်ကုန်ဝေး
တေးဆိုငိုကြွေး တမ်းတငေးလျှက်
မျှော်တွေးနေမိ ရင်ထဲထိအောင်
စွဲငြိလောင်ကျွမ်း အသည်းနွမ်းကာ
အလွမ်းဝေ့သီ အမေ့ဆီ။

တစ်နယ်စီဝေး နီးရက်တွေးသော်
ပွေ့ထွေးယုယ မွှေးမြမြထုံ
နွေးလှရင်အုံ ခိုလှုံမှန်းဆ
လွမ်းတသသမို့ မျက်ရည်စို့လျှက်
ဆွေးလို့ငိုပြီ အမေ့ဆီ။

ရာသီတွေပြောင်း နေ့ရက်ဟောင်းကာ
ခေတ်ပြောင်းရွေ့လျား ရင့်ရော်သွားလည်း
အင်အားမေတ္တာ ကြင်ကြင်နာနာ
ရင်မှာထွင်းထား ချစ်တရားနဲ့
လွမ်းအားပိုပြီ အမေ့ဆီ။

နှင်းဆီရနံ့ မွှေးပျံ့ပျံ့နှင့်
ရှင်းသန့်မူပို လှဟန်ဆိုလည်း
အပြုံးရင့်ကျက် အမေ့မျက်နှာ
နှစ်သက်ပိုကာ လွမ်းစေတာမို့
တမ်းတလှပြီ အမေ့ဆီ။

ဥသြတေးဆို မိုးမင်းငိုတော့
နွေပိုပြင်းရှ အရိပ်ကမဲ့
တင့်လှမြင့်မိုရ် အေးမြပိုဆောင်
လုံခြုံအောင်ထွေး ရင်မှာနွေးတော့
ပြေးတွေ့ချင်ပြီ အမေ့ဆီ။

No comments:

Post a Comment