Pages

Thursday, October 25, 2012

စည်းလုံးခြင်းရဲ့ အင်းအား


လောကမှာ လူရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ဖြစ်ပြီးရင် ပျက်တတ်တယ်ဆိုတာကို လက်ခံကြတယ်။ ဒါပေမဲ့ ဖြစ်ပြီး ပျက်တတ်တယ်ဆိုတဲ့ စကားက သေခြင်းတရားကို ဖော်ညွှန်းတရားပြနေခြင်းပါ။ ယခု လက်ရှိနိုင်ငံတော်အတွက်ကတော့ ပျက်ပြီး ပြန်ဖြစ်လာအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ သာသနာအတွက် လူမျိုးအတွက် အဓိက လိုအပ်ချက်တွေ ရှိနေတယ်။ အဲဒါကတော့ အာဇာနည်ပီသတဲ့ မျိုးချစ်စိတ်ပဲ။ မျိုးချစ်စိတ်ရှိခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ဆိုတဲ့စကားလုံးလေးတွေက အရာအာလုံးရဲ့ ထိပ်ဆုံးကို ပို့ပေးနိုင်တယ်။
ကျွန်မတို့ မြန်မာတွေဟာ
 ကိုယ်ထီး ကိုယ့်နန်းနဲ့ တင့်တယ်ထည်ဝါစွာ နေလာခဲ့ကြတာပါ။ စည်းလုံးခြင်းဆိုတာ မရှိခဲ့လို့ ထီးနန်း ပျောက်ခဲ့ရဖူးတယ်။ အာဇာနည်တွေရဲ့ ကြိုးပမ်းမှုကြောင့် ပြန်လည်ရရှိခဲ့တယ်။ အခုကြတော့ မြန်မာတွေ စည်းလုံမှုနည်းနေတာလား နားလည်မှုလွဲနေတာလား ဘာသာရေး အခြေနေ တိုင်းပြည်အခြေနေတွေက မတည်မငြိမ်သေး ရင်လေးစရာပါ။ ကျွန်မတို့ မြန်မာတွေဟာ ကမ္ဘာမှာ သွေးစည်းညီညွတ်မှု အရှိဆုံး မျိုးချစ်စိတ် အရှိဆုံးလူမျိုးပါ။ ဘယ်နိုင်ငံ ဘယ်လူမျိုးမှ လိုက်မမှီနိုင်အောင် အရေးကြီးရင် သွေးနီးတယ်ဆိုတာ မနေ့တစ်နေ့က ကမ္ဘာ့အလှမယ်ရွေးပွဲမှာ ဆုနှစ်ဆုရရှိခဲ့တဲ့ မနန်းခင်ဇေယျာလေးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဘယ်သူနဲ့မှ ခင်မင်ရင်းနှီးနေလို့ vote လုပ်ပေးခဲ့ အားပေးခဲ့တာမဟုတ်ဘူး။ မြန်မာဆိုတဲ့သွေးကြောင့် နိုင်ငံအသ်ီးသီးက မြန်မာတွေ အားပေးခဲ့တာ ရရှိခဲ့တဲ့ဆုဟာ မြန်မာတွေရဲ့ စည်းလုံးခြင်းဂုဏ်ကို ဖော်ဆောင်ပေးခဲ့တာပါ။
စည်းလုံးခြင်းဟာ အရာရာကို အောင်မြင်တယ်ဆိုတာ ကျွန်မရဲ့ အတွေ့ကြုံလေးအရလည်း သိခဲ့ရတယ်။ ကျွန်မ ထိုင်းကို ရောက်စတုန်းပေါ့။ အလုပ်လုပ်တဲ့နေရာမှာ မိသားစုအလုပ်လေးလို လုပ်ရတယ်။ မိန်းကလေး ဆယ့်တစ်ယောက်ပဲ ရှိတယ်။ ထိုင်းစာရေးမလေးတွေ ရှိတယ်။ တစ်နေ့တော့ ထိုင်းကောင်မလေးတွေက ကျွန်မတို့ မြန်မာတွေကို ဘောလုံးကန်ကြမယ်တဲ့ လာစိန်ခေါ်တယ်။ ကျွန်မတို့ အလုပ်လုပ်နေတဲ့နေရာက မြန်မာမိန်းကလေးတွေ အကုန်လုံးက ဘောလုံးဆို မြင်ဖူးရုံလေးပါ။ တစ်ခါမှ မကန်ဖူးတဲ့ သူတွေလေ။ သူတို့မှာက မိန်းကလေးတွေလည်း ကျောင်းမှာကတည်းက ဘောလုံးကန်တတ်တယ်။ အလေ့ကျင့်ရှိတယ်လေ။ မြန်မာမိန်းကလေးတွေက အဲလိုရှားတယ်။ ဒါပေမဲ့ ကျွန်မတို့ကို မရမနေခေါ်တော့ မြန်မာ့သွေး ခပ်ရဲရဲရယ်ဆိုတော့ လုပ်ကြည့်မယ်လို့ အကုန်လုံး လက်ခံလိုက်တယ်။
အသင်းက စရော.. ကျွန်မတို့ဘက်က ယောကျာ်းလေးတွေ အားပေးတယ်။ အပြင်က ပြောပြတယ် မရဘူး။ ကျွန်မတို့ မြန်မာတွေက ဘော်လုံးလာတာနဲ့ ကြောက်နေတာ လာထိမှာစိုးတာ နာမှာရယ်ပေါ့။ ကျွန်မတို့ ရှုံးပါလေရော။  သူတို့က ပြန်စိန်ခေါ်တယ်။ ဘတ်-၁၅၀၀ စီလောင်းကြေးပေါ့။ မကြောက်ရင် လက်ခံတဲ့လေ။ ကျွန်မက စိတ်က ခပ်ထက်ထက်ရယ်။ မခံချင်စိတ်နဲ့ လက်ခံခဲ့တယ်။ နှစ်ရက် အချိန်ပေးတယ်။ အဲဒီနှစ်ရက်မှာ ကျွန်မတို့ ဘောလုံးကန်တတ်အောင် လေ့ကျင့်တယ်။ အလုပ်ပြီးမှ မအိပ်ပဲ လေ့ကျင့်ခဲ့ရတာ။ ကျွန်မဆို နှလုံးမကောင်းလို့ နေမကောင်း ခဏခဏဖြစ်တယ်။ ဒါပေမဲ့ မြန်မာဆိုတာ ပြချင်တာ။ မတိုက်ခင်က အရှုံးမခံချင်တဲ့စိတ်က ဘယ်လိုမှ တားမရဘူး။ နောက်နေ့တော့ ကျွန်မတို့ ပွဲစတယ်။ ကျွန်မ လေ့ကျင့်ထားတာနဲ့တင် ခြေထောက်တွေက တော်တော်နာနေပြီ။ ဒါပေမဲ့ စိတ်က လူကို အောင်မြင်စေတာ မျိုးချစ်စိတ်က အားပေးခဲ့တာ ကျွန်မ အားတင်းကန်တယ်။ သူများ ပြောတာ နားထောင်တယ်။ စိတ်နှစ်ပြီး ကျွန်မတို့ ကြိုးစားလိုက်တော့ အလေ့အကျင့်ကောင်းနဲ့ တော်လှပါတယ်ဆိုတဲ့ ထိုင်းအသင်းကို ကျွန်မတို့ အနိုင်ရခဲ့တယ်။
ကျွန်မဘ၀ရဲ့ ဖော်မပြနိုင်အောင် ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရပဲ။ တစ်သက်လုံးမလုပ်ခဲ့ဖူးတဲ့ အရာကိုတောင် စိတ်ဓာတ်နဲ့ စည်းလုံးခြင်းကြောင့်  မိန်းကလေးတွေက အနိုင်ယူနိုင်ခဲ့သေးရင် ကျန်တဲ့အရာတွေဆိုရင် ပိုပြီးလုပ်ဆောင်နိုင်မှာပါ။ အဲလိုလုပ်ဆောင်ဖို့ အဓိကလိုအပ်တာက စည်းလုံးခြင်း  မျိုးချစ်စိတ်ရှိဖို့ပါ။ အခုချိန်မှာ တကယ်လိုအပ်နေတာ ညီညွတ်စွာသွေးစည်းဖို့ပါ။ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ဝေဖန်ပြီး လုပ်ဆောင်နေလို့ မရတော့ဘူး။ ဘာသာသာသနာအတွက် မျိုးချစ်စိတ်ဓာတ်တွေ လိုအပ်နေတာပါ။ တိုင်းပြည်နဲ့ လူမျိုးအတွက် သာသနာအတွက် ကိုယ်ကျိုးမဖက် စုရုံးလုပ်ဆောင်သင့်နေပါပြီ။ ဇာတ်တူသား စားနေလို့မရတော့ဘူး။ အမျိုးပြုတ်လိမ့်မယ်။
ရောဂါပျောက်မယ်ဆိုရင် ဆေးခါးကြီးလည်း သောက်တတ်ရမယ်။ ကိုယ်ရဲ့သွေးတစ်စက်က အများအတွက် အားဖြစ်ခဲ့မယ်ဆို မြေခသင့်ပါတယ်။ အမိုးမလုံတဲ့ တဲအိုပျက်ကို ထိုင်ကြည့်နေလို့ကတော့ မိုးစိုလာရုံပဲ။ ဘယ်လိုဖာထေး ပြုပြင်မလဲသာ စဉ်းစားလို့ အမြန်လုပ်ဆောင်ရမှာ။ ဟန်လုပ်နေရုံနေနဲ့ မပြီး ၀ိုင်းဝန်းလုပ်ဆောင်မှ အောင်မြင်မှာပါ။ အချိန်ကို မလင့်စေပဲ နန်းခင်ဇေယျာလေးကို အားပေးသလို မြန်မာတွေအကုန်လုံး မြန်မာပြည်တိုးတက်ရေး သာသနာ မပျောက်ပျက်ရေးကို တက်ညီလက်ညီ လုပ်ဆောင်ရင်း မြန်မာ့လူမျိုးတို့နေထိုင်ရာ အားကိုးရာ မြန်မာပြည်ကြီးအတွက် ထိုက်သင့်တဲ့နေရာကနေ လုပ်ဆောင်ကြပါလို့ တိုက်တွန်းရင်း ပိုစ့်လေးကိုအဆုံးသတ်ပါရစေရှင်။

No comments:

Post a Comment