Pages

Wednesday, October 17, 2012

အိပ်ပျက်ညရဲ့ ဒဏ္ဍာရီများ


အမှောင်ကမ္ဘာမှာ ယောင်ချာချာနဲ့
ထင်ရာကိုမှန်း မမြင်မစမ်း
ရမ်းရော်တမ်းတ အတွေးတစ်စ
ဆွေးမြမြကွယ် အဝေးကိုရွယ်
အသွေးကြယ်တဲ့ ငွေကြယ်အလင်း
တိမ်မှုန်ကင်းစ အလင်းပြပြကို
မြင်ပါရစေ တောင်းဆုချွေလျှက်
အနေခက်လှ အိပ်မရခဲ့
စိတ္တဇနဲ့ပဲ ညဉ့်နက်ခဲ့။

အတိတ်တစ်ချက် နှိပ်စက်ကလူ
ရက်စက်သူမျိုး အငြိုးတွေခြား
လွမ်းအားပိုဆဲ မိုးရိပ်မဲမှောင်
စံနန်းဆောင်ဝယ် လရောင်မသန်း
မစံမြန်းချင် အလွမ်းကင်းစင်
တိမ်ဖြူဆင်လျှက် မိုးရိပ်ကင်းကင်း
ညခင်းကြယ်စင် အလင်းတွင်သာ
မော်ဖူးကြည်နူး ပျော်မြူးချင်လှ
ဆုတောင်းနေရ အချစ်မဲ့ည။

ဖြစ်ခဲ့သမျှ အချစ်မရ
အိပ်ပျက်ညရဲ့ ဒဏ္ဍာရီလား
ကဗျာမပီ စာမညီခဲ့
မျှော်ရည်နွမ်းလျ ကျွမ်းလုအသည်း
လွမ်းရိပ်ကဲလျှက် တမ်းတနေလည်း
မေ့အသည်းရှင် မခင်လေတော့
ကြင်ဖော်နဲ့လွဲ ရင်ထဲနာကျင်
အရှုံးသခင်မို့ အပြုံးတစ်ချက်သာ
မြင်ပါရစေ။

No comments:

Post a Comment