Pages

Wednesday, October 3, 2012

အလွမ်းဇာတ်သိမ်း




ချစ်ခြင်းကို စာမဖွဲ့ ချင်တော့ပေမဲ့
အပြစ်ကင်းတဲ့ မင်းမျက်လုံးတွေက
အရာရာကို ပြောင်းလဲဖန်တီးနေသလို
ရင်အစုံကို တကယ်လှုပ်ရှားစေခဲ့ပြီမို့
တင်းထားတဲ့ငါ့မာန နင့်အချစ်အောက်မှာခဝါချ
စနစ်တကျနဲ့ပုံဖော် အချစ်ပင်လယ်အတွင်း
နှလုံးသားလှေတစ်စီးအတွက်
နားလည်မှုလှော်တက်နဲ့ဆင်
ချစ်ခြင်းတွေနဲ့ခရီးနှင် မှိန်ပြပြကမ်းအဝင်
သံယောဇဉ်ကျောက်ဆူးကြိုးချ
ကြင်နာသောင်ပြင်ဆီ ကမ်းကပ်မယ်ကြံလေမှ
ရုတ်တစ်ရက်ကျလာတဲ့ သံသယမုန်တိုင်း
မေတ္တာဆိုတဲ့ရေလှိုင်းကိုမြိုဝါး
အမှန်တရားတွေ ဝေဝါး အဟန့်တားကများလေတော့
အမုန်းလွင်တီးခေါင်ကြီးမှာ အလွမ်းဇတ်သဘင်ကို
ခပ်သွက်သွက်အာဘောင်အာရင်းနဲ့
အဆွေးသီချင်းတွေဆိုညည်း ခါးသီးစွာအချစ်ကြီးတဲ့ငါ
တစ်ယောက်တည်းအဖော်ကွဲ အလွမ်းတွေသာကဲလို့




No comments:

Post a Comment