Pages

Sunday, October 7, 2012

နီးလျက်နဲ့ဝေး



ဆည်းဆာချိန်နေခြည်မြန်း လှမ်းလုလုလရောင်လမ်းဆီ
မှန်းမျှော်ကာတူနှစ်ဖော် ဇင်ယော်တွေအဖော်ဖက်
လေပြေတွေတူစုံယှက် ပျော်ခဲ့ပေါ့ မောင်နဲ့မေ။

ကမ်းခြေကလှိုင်းတွေကို ငေးရီလို့တူနှစ်ကိုယ်
အချစ်တေးတွေသီဆို အနမ်းလေးတွေချွေချ
အလွမ်းလေးတွေဖြေကြ မွှေးမြမြချစ်ရနံ့သင်း
ဖြူလွှလွှသဲသောင်ခင်းမှာ အပြစ်ကင်းတဲ့ချစ်စကား
လွှမ်းခြုံလို့ထား။

နေမင်းရောင်မှိန်ဖျော့ဖျော့ လေပြေငယ်သော့သော့နှင်
ညအဝင်တကယ်ပင်လှ ကမ်းခြေကလှိုင်းတွေက
ဖေးမကာကူညီပေး ချစ်သူရဲ့ရင်ခွင်လေး
တကယ်ပင်နွေးစေလို့ အနမ်းတွေနဲ့ထွေး။

နွေးခဲ့တဲ့ချစ်ရိပ်မှန် အပြန်အလှန်ရှိပါရဲ့
ကံကြမ္မာမိုးရယ်ခွဲ ဇင်ယော်တွေအဝေးကိုဝဲ
ဦးတည်ချက်လမ်းရယ်လွဲပေါ့
ပြိုးပျက်ပျက်လျှပ်နွယ်ထဲ ရုန်းထွက်လို့ပျံသန်းပြေး
နီးလျက်နဲ့ဝေး။

ဆွေးချက်ကရင်နာ သခင်သာမသိပေမဲ့
မျက်ဝန်းမှာမျက်ရည်တစ်စက်
ချစ်ခဲ့တဲ့အရိပ်အလှတွေ ရီဝေဝေထင်ကျန်
အပူဟန်တကယ်ဖန်လေတော့
ပျံရင်းနဲ့ဝေး။

No comments:

Post a Comment