Pages

Wednesday, October 3, 2012

လာပါတော့ ပိတုန်းမောင်



ပန်းအလှလေးများ ပိတုန်းအားမရှောင်
အဆင်းအရောင်နှင့် အလှတွင်အယဉ်ဆင့်
တင့်လှပေဟန် အချိန်တန်လာ
ပွင့်ကာလန်းတော့ မွှေးထုံသင်းပျံ့
အချင်းရနံ့ရယ်ကြောင့် ပျားပိတုန်းတွေလာ
ဝတ်ရည်စုပ်သွား ကိုင်းဖျားလှုပ်ရှား
ကျန်ခဲ့လေမလား မတွေးအား။

ပျော်ပါးသုံးဆောင် ပိတုန်းမောင်ကို
အမုန်းမဆောင် ပြုံးယောင်ချစ်ခင်
အပြစ်မတင် အချုစ်ဝင်လို့
ကြွေချင်လဲကြွေ မေခင်မမှု
သဲနုလွှာဖူး အခူးမခက်အောင်
ဆူးခက်ဖယ်ရှား ပွင့်လွှာများသာ
စွင့်အာပြန့်ကား ငွားငွားစွင့်စွင့်
အဆင်သင့်အောင် ပွင့်လျက်မျှော်ရှာ
ပေါ်လာပါတော့ ပိတုန်းမောင်…။

ယိမ်းမယောင် တိမ်းရှောင်ရခက်
ချစ်ချင်းနှင်းဆက် အသည်းခင်းလျှက်
ဘဝပန်းခင်းအလယ် နင်းလျှက်ချွေချ
နွမ်းကြေမွလည်း လွမ်းရရင်ထဲ
တမ်းတဆဲမို့ ရင်ဝယ်သိမ်းထား
မေ့အချစ်စကားကို ပိတုန်းမောင်အား
သိကြားစေချင် ချစ်ကျွမ်းတစ်ဝင်
                                              နေစိမ့်ချင်လှ ပန်းကလေးဘဝ။

No comments:

Post a Comment