Pages

Saturday, October 27, 2012

ပြည်သာအောင်



ရင်ဝယ်ထားပါ ကိုယ်ချင်းစာလို့
စာနာသနား အကြင်နာထား
ငါသာမာန အစဉ်ချလို့
ရင်မှမေတ္တာ လှိုင်လှိုင်ဖြာလျှက်
ပြည်သာအောင်ပဲ လုပ်ကြပါ။

ဒေါသကိုထိန်း အတ္တငြိမ်းစေ
အတွေးတွေစု ချစ်ခြင်းပြုကာ
လူထုအကျိုး စုသယ်ပိုးလို့
အမျိုးဘာသာ သာသနာငဲ့
ပြည်သာအောင်ပဲ လုပ်ကြပါ။

အမျိုးရယ်ပျက် သမိုင်းဖျက်မဲ့
ရက်စက်သူအား  အလေးထားကာ
အင်အားစုဝေး အသက်သွေးနဲ့
မနှေးချီတက် စိတ်ဓာတ်ထည့်ကာ
ပြည်သာအောင်ပဲ လုပ်ကြပါ။

ရှေးကအမွေ မပျက်စေဖို့
တွေဝေစိတ်တွေ မထားလေပဲ
မသွေအနှစ် တည်စေရစ်အောင်
မလစ်ဉာဏ်ဆောင် ဂုဏ်ရှိန်ရောင်နှင့်
ပြည်သာအောင်ပဲ လုပ်ကြပါ။

No comments:

Post a Comment