Pages

Thursday, October 25, 2012

ချိုပေါ့ကျ..တစ်ခွက်



ဟိုရင်တစ်ခါ ဖြစ်စဉ်ခါက
ခိုဝင်ခစား ကြင်နာများနဲ့
ယုယထွေးယှက် ရင်ခွင်ထက်မှာ
ငြိုငြင်ကင်းမဲ့ ပျော်ရွင်ခဲ့၏။

သြော်… ခုတော့ငါ့မှာ
ဘယ်ဝဋ်ကြမ္မာ စီရင်သလဲ
အသဲကနာ ရင်ကဆာနဲ့
ဟိုးတွေးဒီတွေး တရေးရေးနှင့်
ထင်နိုးမြင်နိုး မရွင်တိုးလို့
လှည့်စားစိတ်ဝင် ဘဝင်လှုပ်ခတ် အဟုတ်မှတ်လို့
ကနေ့လည်း ချိုပေါ့ကျ တစ်ခွက်သောက်အုံးမယ်..

No comments:

Post a Comment