Pages

Monday, October 22, 2012

ချစ်သက်မောင်နှံ


သံယောဇဉ်ကြိုးမျှင် ချည်ငင်ထုံးရစ်
နှလုံးသားတရစ်ဝယ် တဆစ်ပြီးတဆစ်
ရစ်ပတ်နွယ်ယှက် ဝဲဂယက်နှယ်ပွက်
စွဲမက်ပျော်ဝင် ကြင်နေစဉ်မို့
ရင်တွင်လှိုက်ဖို တူနှစ်ကိုယ်ဖက်
ရွယ်လျှက်ကြည်နူး ချစ်ရည်လူးကာ
ပျော်မြူးစဉ်ဆက် ချစ်ခင်ခဲ့။
နှင်းဆက်ကြည်ဖြူ ချစ်ရည်တူမို့
အတည်မြဲဆုံး မှီဝဲသုံးချ
ချစ်လှလှကို ရွရွပုံဖော်
တူစုံပျော်လျှက် ဂဟေဆက်ရွယ်
နှောင်ထုံးငယ်နှင့် ရင်ဝယ်ဖွဲ့နှောင်
ချစ်သက်မောင်နှံ ပူဟန်ကင်းမဲ့
ချစ်တဲ့ရက်ဆီ ပြုံးဝေသီကုံး
သက်ထက်ဆုံးသို့ မို့မို့လွင်လွင်
အသည်းရွှင်မြ ပြင်းပြသက်သေ
ချစ်ရက်ရှည်ရှည် ကြင်လှပေ။
တွေဝေခြင်းကင်း အသက်နှင်းကာ
ချစ်တင်းတွေနှော ချစ်သဘောတွေ
ရေမျောကမ်းပြို ချစ်မုန်ယိုပြီး
ချစ်တာကိုမက် ရွှေရင်ထက်ဝယ်
တူယှက်ကြည်နူး အချစ်ဦးနဲ့
ပျော်မဲ့ဟန်သာ အမြင်လွှာမှာ
ကြင်နာဆက်နှင်း အပျော်ခင်းလျှက်
ချစ်သက်နှစ်ကိုယ် တွေ့ဆုံလို။

No comments:

Post a Comment