ရာသီစက်ဝန်းရဲ့ အောက်မှာ သတိရလွမ်းဆွတ်ကြေကွဲမှုတွေ့နဲ့
တိုက်ခိုက်မှုများကို တင်းခံကုစားခဲ့ရတဲ့ ဝေဒနာ ဖြတ်ပိုင်းတချို့ရဲ့ခံစားမှု…………
အသက်မကချစ်ပေမယ့် အမှတ်တရ ဖြစ်ခဲ့ရသော ဒဏ်ရာရ နှလုံးသားထဲမှာ ရင်ခုန်သံ
မပီ. ကာရံမညီ ပလီပလာဖွဲ့နွဲ့ပြီး…… ဘ၀နှင့်..ဆန္ဒကို အခြေခံ သစ္စာ မေတ္တာ
သံယောဇဉ်တွေနဲ့ အချစ်ဆိုတဲ့ အရာကို သရုပ်ခွဲပြနေခြင်း မဟုတ်ပါဘူးကွယ်…………
မကြင်လို့ဘဲ ပစ်ပစ် တမင်မို့ဘဲ
ချစ်ချစ်ပေါ့.. ဖြစ်ဖြစ်သမျှ သင်္ခါရကို
ရှေ့တန်းတင်ကြတဲ့ လူသားတွေမှာ ရင်ခုန်သံနှင့်ခံစားမှု တဦးနှင့်တဦး
မတူညီကြသလို ထိုလူသားတွေမှာ ဝေဒနာ သို့မဟုတ် သောကတို့နှင့် မကင်းဟု
ထင်မိ၏။

သို့အတွက်ကြောင့် ကဗျာဆိုတာ
မျိုသိပ်လို့မရ ယိုဖိတ်လို့ကျလာတဲ့
နှလုံးသား တနေရာက ထွက်ပေါက်မို့ အသက်လောက်မက မြတ်နိုးမိသလို သိုသိပ်လို့
အထားခက် ခါးသက်သက်အရသာများ. မြတ်နိုးခြင်း အနုအရွကိုပေါင်းစပ်
မောင်းခတ်လို့မကြေညာမိပေမယ့်လည်း စားသားများအဖြစ်ထုဆစ် လိုက်မိပါတယ်…..
နှလုံးသား တနေရာက ထွက်ပေါက်မို့ အသက်လောက်မက မြတ်နိုးမိသလို သိုသိပ်လို့
အထားခက် ခါးသက်သက်အရသာများ. မြတ်နိုးခြင်း အနုအရွကိုပေါင်းစပ်
မောင်းခတ်လို့မကြေညာမိပေမယ့်လည်
ကဗျာချစ်သူများအနေနှင့်လည်း
တချိန်သောကာလက ဘ၀အသိနှင့်ရင်းနှီးရင်း အငို
အကြမ်း အလွမ်းများနှင့် ဖြတ်သန်းလာမိကြပါလိမ့်မယ်..

တကယ်တော့ ကဗျာဆိုတာ ရင်ထဲမှာ
ခံစားနေရတဲ့ အဖြစ်ပျက်တွေကို
ဖွင့်အန်ချလိုက်တဲ့ ရင်ခုန်သံမို့ ခါးရင်လည်း ခါးမယ်… ချိုရင်လဲ
ချိုမယ်… နှလုံးသားရဲ့အလိုကျပေါ့…. ပင့်သက်အရှိုက် လေအတိုက်မှာ ဝှေ့ဝိုက်ကာ
ကြွေကျ.. မြေခသွားခဲ့ရတဲ့ သစ်ရွက်ကလေးတွေလို ကျွန်မရဲ့ ရင်ခုန်သံစာစု
လေးကို ကြည့်ရှူမိသူများ… ကဗျာချစ်သူများ ခံစားနားလည်နိုင်ပါစေလို့….. ဆန္ဒပြုလျှက်………

No comments:
Post a Comment