Pages

Saturday, October 27, 2012

လရိပ်လှ



အေးမြကြည်ရွှင်
ကြည်လင်ဝင်းဝါ
လမျက်နှာကို
ငေးလို့ မဝ
လရိပ်လှ။

ဝင်းစိုလင်းလဲ့
ပြစ်မျိုးမဲ့စင်
လင်းလဲ့ပိုမို
လသခင်ကို
ဆွေးလို့မဝ
လရိပ်လှ။

ရွှေဝါဟန်ပန်
ရွှေဆင်းဟန်ပို
ရွှေလိုရဲရင့်
ဝင့်နွဲ့ဆင်းပ
လရိပ်လှ။

လင်းထိန်ပဝင်း
ရွှေမြဆင်းနှင့်
ကင်းစင်မိုးတိမ်
မမှိန်တောက်ပ
လင်းစွကမ္ဘာ
သာယာဆောင်စွ
လရိပ်လှ။

No comments:

Post a Comment