Pages

Tuesday, October 9, 2012

မြင်လှည့်စေချင်


နွေဦးလေပြေ ရိုက်ခတ်မွှေလို့
ခြွေခဲ့ရက်ကြွေ နွမ်းလျမပြေ
ဝေးရက်တွေကြား ဆွေးလျှက်အားငယ်
အလွမ်းနယ်ပယ် တမ်းတနေတယ်
ချစ်သက်လယ်။

မိုးသက်လေပြင်း ရိုက်ဆော်ညှင်းသွဲ့
ဝဿန်တွင်းဝယ် အဖော်ကင်းတယ်
ချစ်ခြင်းမဲ့လေ အနမ်းမခြွေ
ကျွမ်းမြေ့အသည်း  လွမ်းစေခဲ့လည်း
မမေ့ရက်ပါ ဆယ်ကမ္ဘာမှာ
သံသရာထဲ ဝဲနေရလည်း
မေ့သည်းအရှင် မောင့်အသွင်ပြင်
မြင်စမ်းချင်လှ နှမဘဝ။

ငွေနှင်းလွှာမှုန် စိမ့်စိမ့်တုန်လို့
ကျလာလှမ့်စီး မြက်ဖျားသီးမှာ
နေရောင်လဲပြ တခဏတာ
ပျောက်ရပေမဲ့ မေ့ရဲ့ရင်ထဲ
အစဉ်မြဲမို့ မရွှင်သည်းကြွေ
ရင်ထဲမွှေနှောက် အလွမ်းသာရောက်
အဆိပ်တောက်ဖြစ်လည်း လွမ်းနေအုံးမယ်
                                                မေ့အသည်းဝယ်။

No comments:

Post a Comment