Pages

Wednesday, October 17, 2012

ပျိုးကြဲချိန်



တောတောင်စိမ်းညှို့ ဆိုင်းအုံ့ပျို့လျှက်
မိုးထက်ယံတွင် ပြိုဟန်ဆင်ခဲ့
တံလျှပ်ရေထင် မြေပြင်ထက်ဝယ်
အဆင်းရယ်လှ ဝဿန်စမို့်
တောင်ခြေစပ်က အသွင်လှတဲ့
တောကြက်တွန်သံ ချိန်ခါမှန်ခဲ့
မြိုင်ယံအတွင်း ငုံးမင်းကမြည်
ဆိုပြီတွန်ကျူး ခါမြူးသံသာ
လွမ်းစရာနှယ် မှုန်းချယ်သလို့
ဘီလုံးငှက်ငယ် ခေါင်ထွန်းချိန်ဝယ်
တောင်သူတွေမှာ နွားဖြူပြာရယ်နဲ့
ယာပြင်ကျယ် တောခြေစပ်မှာ
ပျိုးကြဲစို့လေး။

No comments:

Post a Comment