Pages

Friday, October 26, 2012

နေမ၀င် ***ဘ၀***




အဆင်မပြေလိုက်ပုံများ
ကျွန်တော့် အတွက် နေ့တိုင်း ပြဿဒါးကြီးပဲလား
နဂါးခေါင်းလှည့်တဲ့ဘက် ရောက်ရောက်နေတဲ့ငါ
အလင်းတစ်စ မ၀င်းပ ဘူး မှတ်တယ်
ငါနေတာက မာယာတွေများတဲ့
လက်ယာတောင်ကျွန်းမှာ ကျိုးနွံစွာ စံနေရတယ်....(Lay Da Khon)


နာကျင်လိုက်ပုံများ
ငါ့အတွက်ကအလွဲကြီးပဲလား
လုပ်ဇာတ်နဲ့စွဲချက်တင် ဘ၀တရားသူကြီးရဲ့
လက်အောက်စံဝင် အမှန်ကိုမဖော်ဝံ့
ရေမရှိတဲ့ကန်ထဲက ငါးလိုလူးလွန့်ရင်း
စပ်ဖျင်းဖျင်းနဲ့ ဘ၀မှုခင်းရဲ့ဖြေရှင်းချက်ကို
ဖြစ်ပျက်တွေထည့်ထားတဲ့
အကျဉ်းလှောင်အိမ်ထဲကစောင့်နေရတယ်။ (လရိပ်လေး)


မိုးခါးရေတွေ မျိုချထားတဲ့ လူတွေကြည့်ရင်း
ဘ၀အတွက် နေ၀င်ချိန်တွေ အောက်
ငါ့ဘ၀ငါလျှောက်ဖို့အတွက် မိုးခါးရေတစ်ပေါက်
ငါလိုက်ကောက်ချင်နေတဲ့ အတွေး ........
အနောက်တောင်မုတ်သုန်လေနီကြမ်းအောက်
နောင်တတွေလည်း အကြိမ်ကြိမ် လှောင်ရီကြတယ်
ရှုံးနိမ့်မှု့တွေနဲ့ ရင်ဆိုင်နေရတဲ့ဘ၀ပေမယ့်
ပညတ်/ပရမတ်တွေအောက် မှာကြိုးစား
ငါအမိုက်တရားတွေ ဘယ်တော့မှ မကျင့်ထားဘူးကွယ်….(Lay Da Khon)


စည်းဘောင်တွေကျော် အတ္တတွေနဲ့မော်ကြွား
ပကာသနနာမ်စားတွေသုံး အလဲထိုးတတ်တဲ့
ငွေဂုဏ်ခင်လူတန်းစားတွေကြား ငါ့ဘ၀တစ်ထောက်နားဖို့
အားမာန်တွေနဲ့စစ်ခင်း အမှန်တရားဆိုတဲ့ လမ်းကျဉ်းလေးက
ခေတ်ဆိုတဲ့ စက်ယန္တရားအောက်မှာ အကြိမ်ကြိမ်လဲပြိုပေမဲ့
ကာရံညှိလို့မရတဲ့ ဘ၀ကိုအံတုလို့ မဝေးတော့တဲ့ပန်းတိုင်ဆီ
လှမ်းချီမဲ့ငါ့ရဲ့အသိတရားတွေကိုစေစား ခံစားချက်တွေချနင်း
ဘ၀အလင်းအတွက် လောကဓံစစ်တလင်းမှာ
ဘယ်တော့မှ နောင်တဆိုတာကို လှည့်ပြန်မကြည့်ဘူး။ (လရိပ်လေး)
 

No comments:

Post a Comment