ရာသီမလင့် အခါရယ်တင့်
တကယ့်အနှစ်တွေပစ် ဖြစ်ခြင်းရဲ့အသစ် ခေတ်တဲ့..
စကားတွေဟန်ချီ မာန်ဖီကာတက်လှမ်း
အသစ်ဆန်းတွေကမပီ သဘာဝကိုပလီ
ဥာဏ်ဏီ်ဥာဏ်နက် အကြံစည်ရမ္မက်တွေ
ဝေဆာဆာဖက်လေတော့ ပျက်လေပေါ့ခေတ်။
ဖြစ်နေတဲ့အဖြစ်ပျက် တွေ့လေကအသိခက်
အပြင်ဘက်ကပြည်ပဘွဲ့ တကယ်မရခဲ့က
အသုံးမကျ အဆုံးအစမဲ့လူသားနှယ်
အနုပညာနယ်ပယ် ချစ်စရာအသွင်ပယ်
ခေတ်လူငယ်မော်ဒယ်တွေနဲ့
ရှောင်ဖယ်ကာရိုးရာမှား ကိုးရီးယားကားတကယ်ခေတ်စား
မြင့်မားသတဲ့လား။
စကားအရာပြောစရာရှား မြန်မာသာဖြစ်ပါလျှက်
ဘာသာကိုမေ့ရက် အယောင်ဆောင်တွေပွေ့ဖက်
အင်္ဂလိပ်တစ်ချက် တရုတ်ကစွက် မြန်မာစကားတကယ်ရှား
ကိုးရီးယားစကား တစ်ကယ်ခေတ်စား
ပျက်လိမ့်မကွဲ့ ဘာသာစကား။
ခေတ်ဆိုတဲ့စကားကိုသုံး အမြင့်ကိုမျှော်ကိုးယုံ
အဆင့်ဆိုတာမရှိ အနှစ်ဆိုတာမသိ
ထိမိတဲ့ဆရာစကား နာကြားကာမသွန်သင်
နီးရာကိုဆရာတင် ဘာသာဝင်ဘာမှန်းမသိ
အင်္ဂုလိမာလလို ဆရာအတင်မှား
အပါယ်လားမှာမကြောက် ဘုရားဆီတစ်ကယ်မရောက်
ကိုယ်ထင်ရာကိုယ်လျှောက် ဘာသာကိုမထောက်ရင်တော့
အမျိုးကွယ်လေ့မပေါ့ အသင်လူသား။
အင်အားတွေတစ်ကယ်ရှိ အသိအမြင်ကမိုးအထိ
လွဲနေသည့်အနေထား အားထားစရာအလုပ်ရယ်ရှား
တိုင်းတစ်ပါးကိုကျွန်အဖြစ်သွား အမှန်တရားကတစ်ကယ်လို
အသွယ်သွယ်ကိုမထောက် စောင့်ရှောက်လို့မထား
ဖောက်ပြားတဲ့ခေါင်းဆောင်များရယ် ကြောင့်
နောက်များတော့ပျောက်နိုင်အားတယ်
တိုင်းပြည်အလှတရား။
No comments:
Post a Comment