Pages

Wednesday, October 17, 2012

ပြည်မြန်မာ



အမှန်မမြင် ရန်ကိုခင်လျှက်
ကြင်ဖက်ကိုထား မော်ကြွားချင်ကြ
တရားမမျှ အစွမ်းလှလှ
ရိုင်းပြလေလျက် ဓားချက်စေရာ
ဒီမြေမဟာ သွေးစက်သာခင်း
အလင်းပျက်ယွင်း အမှောင်ခွင်းတဲ့
မြေတလင်းထက် ချစ်ချင်းမဲ့ကာ
ယမ်းငွေ့ဝေမှာ ပြည်မြန်မာ။

စေရာမသွား အမှန်တရားအား
စွဲကိုင်ထားလျှက် စည်းချက်ညီညီ
လှမ်းတက်ချီလို့ စွမ်းရည်ထုတ်ကြ
မျိုးဂုဏ်ပြက သွေးစက်ကျရာ
လှပမည်သာ ပြည်မြန်မာ။

အလံကိုထောင် မာန်ကိုဆောင်လို့
ရန်လိုသူအား ညီညာအားထည့်
ဓားတစ်လက်ဆောင် အသွေးရောင်လက်
တရားဖက်လျှက် တွန်းဖျက်လေမှ
ရှေးကထားခဲ့ အမွေအဆက်
ဘာသာအတွက် အရှည်တွက်လို့
မသွေမပျက် အတည်ချက်နဲ့
ရှေ့ဆက်နိုင်မှာ ပြည်မြန်မာပါ။

No comments:

Post a Comment