Pages

Thursday, October 25, 2012

ဇီဝဇိုးပမာ စေတနာ


ရေပြင်ပြာပြာ အဏ္ဏဝါဝယ်
တန်ဆာဆင်လျှက် ကျောက်ဆောင်ထက်ဖျား
ပေါက်ဖွားနားခို အာခေါင်စိုမှ
ထားသိုအာစေး ထုတ်အန်ထွေးကာ
ရစ်ထွေးထုဆစ် အသိုက်ဖြစ်အောင်
အနှစ်ဆောင်ထား အထူးခြားဆုံး
ပျံလွှားငှက်မျိုး ဇီဝဇိုး။

ထိုငှက်နားလှုံ အသိုက်မြုံကား
အစုံရသာ ထူးခြားကာဖြင့်
များစွာလူသား အကျိုးများအောင်
ဆေးဝါးပုံနှယ် အကြောင်းသွယ်တော့
လူ့ဝယ်ခွန်အား စွမ်းပကားက
ဆန်းပြားအသွင် လှသွေးယှဉ်ကာ
အစဉ်အားကိုး ဇီဝဇိုး။

ငှက်ငယ်အသွင် လောကတွင်ကား
အစဉ်ကြိုးစား လူသားများတွက်
ခွန်အားထည့်ပေး တိုးတက်ရေးကို
အတွေးသစ်ဆန်း စာပေလမ်းဖြင့်
တက်လှမ်းစေချင် တကယ်ပင်မို့
တွေးထင်စုပုံ သွေးစက်ခြုံကာ
နှစ်လိုစွာပင် ပေးဆပ်ချင်သည်
အစဉ်ရွယ်လျှက် စာပေအတွက်။

No comments:

Post a Comment