Pages

Monday, October 29, 2012

အချစ်ဦးသို့ …



ပုရစ်ဖူးတဲ့ ဒီနှစ်ဦးမှာ
နင်ဟာ ငါ့အတွက်
အဖြစ်ထူးတဲ့ အချစ်ဦးပါဟာ
ချောက်သွေ့နေတဲ့ ငါ့ရင်ခွင်ကို
ကမ္ဘာပြုမိုး ရွာသွန်းသလိုမျိုး
ငါ့ရင်တွေ ပြိုကျခဲ့တာ နင်မမြင်ခဲ့ဘူးနော်။

နက္ခတ် တာရာတွေကဘဲ
အသွားအလာမမှန်လို့ပဲလား?
ကမ္ဘာကြီးပျက်စီးသလိုမျိုး
ပျော်ဝင်သွားခဲ့ရတဲ့ ငါအချစ်တွေဟာ
မင်းနဲ့ကျမှ ဆင်ဆာဖြတ်ခံလိုက်ရတာပါ။

လောကရဲ့ ဖြစ်ပျက်ပေမယ့်
သောကရတက်ပွေကာ လွမ်းခဲ့ရမယ်ဆိုတာ
ငါမထင်ခဲ့မိတာ အမှန်ပါ။

မယဉ်ပါးတတ်သေးတဲ့ ငါ့နှလုံးသားကို
နင် သုံး မှ သုံးပါ့မလားလို့
 တိုးတိုးတိက်တိက်နဲ့ စိုးထိပ်လို့မှ မဆုံးခင်
Plain ဂိုးတွေသွင်းပြီး နင် နင်း ချေရက်တယ်နော်။

မနေခဲ့ချင်ပေမယ့် …
ကြွေခဲ့ရတဲ့ ငါ့နှလုံးသားကတော့
နေမတတ်အောင်ပါဘဲဟာ။

 နေမင်းကြောင့်  (မြေ၀ယ်နှင်းကာ)
ကြွေဆင်းခဲ့ရတဲ့ နှင်းပွင့်လေလို့
သေစေရန် နင် ညွှန်းစေချင်သလား?
သေတာကိုမှ နင် ကျေနပ်ခဲ့ရင်တော့
အချစ်ဦးရယ်…မေ့မူးအောင်နှင်း……

..

No comments:

Post a Comment