ပန်းကလေးတွေရဲ့အလှ
ဥယျာဉ်မှူးကအစ
ဝေကာစဘဝ
မြေပေါ်မှာမခဖို့
စေတနာနဲ့ပျိုး
လရောင်ကင်းတဲ့ညဘုရင်
ပဒုမ္မာကြာအမြင်
ခိုဝင်လို့မသင့်
အမိုးမတင့်တော့
တဲအိုပျက်မိုးတွေကပက်
ဂယောက်ဂယက်
ခမောက်ပျက်နဲ့မလုံ
တန်ဖိုးကိုမလို
ဟန်ရေးသာဆိုလို့
မာန်တွေကခပ်ပိုပို
ခေတ်အဆက်ဆက်က
ပန်းချီကား
ဆေးရောင်တွေနဲ့ပုံဖော်မှား။
ဘ၀ဆိုတာ ကျားကွက်အလား
တကွက်မှားကအစားခံ
ငါဆိုတဲ့အတ္တဒဏ်
အကြောင်းဖန်လို့အသုံးချ
သေလုလုဘ၀တွေ
ကံတရားကိုအပြစ်ဖွဲ့
အရိပ်မဲ့တဲ့အဖြစ်အပျက်
ဥပေက္ခာပြုနှိပ်စက်
မမြင်ရက်တဲ့အဆုံး
အသည်းတွေကြွေပြုန်း
မျက်နှာလွှဲခဲပြစ်ဆိုတာမျိုး
ဆယ်နေကဲအပူကသဲ
ကူစရာလည်းအားမရှိ
ရင်ထဲကမချိ
ထိချက်တွေကပြင်း
နှလုံးသွေးတွေကြွေဆင်း
အရာရာကိုဖန်ဆင်း
ဥာဏ်အလင်းနဲ့ဖြေရှင်း
ခံပျင်းတဲ့အရသာကို
ငြိမ်းချမ်းခြင်းတရားနဲ့သာ
စိုးမိုးဖြေဖျောက်ခွင့်လေးရပါရေ
No comments:
Post a Comment