Pages

Tuesday, September 18, 2012

အလွမ်းသခင်မ


မိုးရိပ်ညိုညို တိမ်သားမပြို
ရွာမလိုဟန်ဆင် ဟန်တပြင်ပြင်နှင့်
မှိုင်းလွင်ရီဝေ လျှပ်နွယ်ပွေယှက်
ချုံးလျက်မြည်ဂျိမ့် ဆွေးတစ်သိမ့်သိမ့်
စိုးထိတ်ထိရှ လွမ်းတမြမြ
မှန်းလျဖြေမဆည် တမ်းတမပြေပြီ။


စောင့်ရည်သူအား သနားမငဲ့ညှာ
အခါခါလှည့်စား မရွာလေအား
တိမ်သားတွေကြား ပေါ်လာလေမလား
ရှုစားမျှော်ငေး အဖော်ကဝေး
တွေးတိုင်းပူဆွေးး ဟစ်ကြွေးဖွဲ့သီ
ချစ်တေးကမပီ အလွမ်းဟန်ချီ
ယော်ရည်မှန်းဆ နွမ်းလျငိုညည်း
တကိုယ်တည်းမို့ ဆိုညည်းကမ်းဆင့်
အလွမ်းရင့်နှင့် ကျွမ်းထင့်သဲထိတ်
အတိတ်ဇာတ်ကြောင်း မဟောင်းသမျှ
ချစ်ရသူဆီ မျှော်ရပါပြီ။

ဘယ်ဆီတိုင်တန်း ရော်ကာရမ်းလည်း
အလွမ်းမျော့မျော့ လည်တိုင်ပျော့ခွေ
လွမ်းလေလွမ်းလေ အလွမ်းမပြေငဲ့
ချစ်ဆွေတစ်ပါး ချစ်သနားရဲ့လို့
လွမ်းတဲ့ပန်းခင်း နွမ်းကြေဆင်းပြီ
ရင်တွင်းတေးကို သီဆိုလှည့်လော့
ညိုနွဲ့ပျိုစင် နားဆင်လှချင်ပြီ……။





No comments:

Post a Comment