လူရယ်လို့ ဖြစ်လာခဲ့ရင်
ဝေဖန်တာခံရမယ် အပြစ်တင်တာခံရမယ် ချီးမွမ်းတာခံရမယ်
ကဲ့ရဲ့တာခံရမယ် မနာလိုတာခံရမယ် အဆိုးအကောင်း အငိုအပြုံး
အချစ်အမုန်းတွေ စုံလို့ပါပဲ။ လောကဓံဆိုတော့
ခံတလှည့် စံတလှည့်ပေါ့။ လူရယ်လို့ ဖြစ်လာခဲ့ရင် လူ့သဘာဝ လူ့လောက အထာတွေကိုတော့
နားလည်နိုင်အောင်ကြိုးစားရမယ်ေ လ။
မိခင် ဝမ်းထဲမှာ သန္ဓေတည်ကတည်းက
ဝေဖန်ခြင်းကို စပြီး ကြုံရပြီပေါ့။ မွေးလာရင် ဘယ်လိုလေး ဖြစ်မယ်။
မိန်းကလေးလား ယောက်ျားလေးလား။ မမြင်ရတဲ့ အချိန်ကတောင်
ဝေဖန်ကြသေးတယ်ဆို၇င် လူ့လောကထဲ ဘဝကိုရင်ဆိုင်
လျှောက်လမ်းနေတဲ့အချိန်ဆို ပြောစရာ မလိုလောက်အောင် ဝေဖန်ကြမှာပေါ့။
တစ်ချို့က ပြောလိုက်သေးတယ်
ဝေဖန်တာခံနိုင်မှ
အောင်မြင်မှုရနိုင်တယ်တဲ့။
ဝေဖန်တာကို ခံနိုင်မခံနိုင် ဆိုတာကတော့ အတိုင်းတာတစ်ခု အပေါ်မှာ မူတည်တယ်လို့မြင်မိတယ်။ သူတစ်ပါးကို ဝေဖန်ပြောဆိုတတ်တဲ့ သူတွေဟာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့ကြတော့ မေ့နေတတ်ကြတယ်။ အကောင်းမြင်တဲ့စိတ်နဲ့ ကြည့်တတ်ဖို့လိုတယ်။ သူများကို အပြစ်မြင်တော့မယ်ဆိုရင် ပြန်ဆန်းစစ်လိုက်ပါ။ ငါရော သူထက်ပိုကောင်းနေရဲ့လား။ သူဘာကြာင့် အဲလိုလုပ်လိုက်တာလဲ အကြောင်းကြောင့် အက်ျိုးဆိုတာ ပေါ်လာခဲ့တယ်ဆိုတော့ အဓိကအရင်းမြစ်ကတော့ ပေါ်လာမှာပါဘဲ။ အခြေခံကျမကျမသိ အမှားအမှန်မတွေး အပေါ်ယံအမြင်လောက်နဲ့ ဝေဖန်လိုက်ပါပြီတဲ့။ ခံရတဲ့သူဘက်က ဘယ်လောက်နစ်နာမလဲ နာကျင်လေမလဲတွေးကြည့်ပေးပါ။ ကိုယ်ပြောလိုက် ဝေဖန်လိုက်တဲ့ စကားတစ်ခွန်းဟာ အရမ်းထိခိုက် နာကျင်ခဲ့မယ်ဆိုရင် ဝေဖန်ရာမရောက်ဘဲ နှိပ်စက်ရာရောက်ခဲ့လိမ့်မယ်။
အောင်မြင်မှုရနိုင်တယ်တဲ့။
ဝေဖန်တာကို ခံနိုင်မခံနိုင် ဆိုတာကတော့ အတိုင်းတာတစ်ခု အပေါ်မှာ မူတည်တယ်လို့မြင်မိတယ်။ သူတစ်ပါးကို ဝေဖန်ပြောဆိုတတ်တဲ့ သူတွေဟာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့ကြတော့ မေ့နေတတ်ကြတယ်။ အကောင်းမြင်တဲ့စိတ်နဲ့ ကြည့်တတ်ဖို့လိုတယ်။ သူများကို အပြစ်မြင်တော့မယ်ဆိုရင် ပြန်ဆန်းစစ်လိုက်ပါ။ ငါရော သူထက်ပိုကောင်းနေရဲ့လား။ သူဘာကြာင့် အဲလိုလုပ်လိုက်တာလဲ အကြောင်းကြောင့် အက်ျိုးဆိုတာ ပေါ်လာခဲ့တယ်ဆိုတော့ အဓိကအရင်းမြစ်ကတော့ ပေါ်လာမှာပါဘဲ။ အခြေခံကျမကျမသိ အမှားအမှန်မတွေး အပေါ်ယံအမြင်လောက်နဲ့ ဝေဖန်လိုက်ပါပြီတဲ့။ ခံရတဲ့သူဘက်က ဘယ်လောက်နစ်နာမလဲ နာကျင်လေမလဲတွေးကြည့်ပေးပါ။ ကိုယ်ပြောလိုက် ဝေဖန်လိုက်တဲ့ စကားတစ်ခွန်းဟာ အရမ်းထိခိုက် နာကျင်ခဲ့မယ်ဆိုရင် ဝေဖန်ရာမရောက်ဘဲ နှိပ်စက်ရာရောက်ခဲ့လိမ့်မယ်။
လူတိုင်းဟာ သူ့အစွမ်းအစနဲ့သူ လောကကို
အလှဆင်နေကြတာပါပဲ။ ဘယ်လောက်ဆိုးဆိုး အကောင်းတစ်ကွက်တော့ ရှိနေပါလိမ့်မှာပါ။
"ငါသာဆိုရင်"ဆိုတဲ့ အတွေးလေးနဲ့ ကိုယ်ချင်းစာ စိတ်လေးထားနိုင်ရင်
အကောင်းဆုံး ဝေဖန်မှုလေးကိုလုပ်မိကြမှာပါ။ အမှားများစွာနဲ့ ဖွဲ့တည်နေတဲ့
လောကကြီးထဲမှာ မမှားဖူးတဲ့သူရှိလား။ တစ်ခါခိုးခဲ့ဖူးတာနဲ့
သူခိုးကြီးတစ်ယောက်လို့ မစွပ်စွဲနိုင်ပါဘူး။
ဘ၀ရဲ့ ဝေဖန်သံတွေကို လှေကားထစ်တွေအဖြစ်
နင်းတက်နိုင်တဲ့ အရည်အချင်းရှိရင် ကောင်းပါတယ်။ နားမလည်တဲ့သူ
စိတ်ဓာတ်မကြံ့ခိုင်တဲ့သူဆို ဘ၀ကအပြောင်းလဲဖြစ်နိုင်တယ်။ ပတ်ဝန်းကျင်ကြောင့် လူဆိုးဖြစ်ခဲ့တာရှိသလို
လူကောင်းဖြစ်ခဲ့တာလည်း ဒုနဲ့ဒေးပါ။ ကိုယ်ရဲ့စေတနာနဲ့
အကောင်းမြင်တတ်တဲ့ စိတ်လေးထားပြီး ဖေးမနိုင်ဖို့ဘဲ လိုတာပါ။
အခုခေတ်အမြင်အရ
လဲနေသူထူမှာထက် ဘယ်သူ့ကို ဘယ်လိုဝေဖန်လိုက်ရမလဲ အပြစ်တင်လိုက်ရမလဲ
စောင့်ကြည့်နေလုပ်နေတာ လောက အကျင့်လိုဖြစ်နေပြီ။ လူတိုင်းကို လုပ်ပေးနိုင်ဖို့ပြောတာတော့
မဟုတ်ပါဘူး။ ဆုံးမသင့်တဲ့သူ ပြောသင့်တဲ့သူကို ပြောပြဖို့ပါ။ သူများရဲ့ နောက်ကျောကို
မြင်နိုင်ပေမဲ့ ကိုယ့်နောက်ကျောကို ကျတော့ မမြင်နိုင်ဘူး။
ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ကြားရသူအတွက် မှတ်သားစရာဖြစ်အောင်
ကိုယ်ရေးလိုက်တဲ့ စာတစ်ကြောင်းက ဗဟုသတရစရာ ကျန်ခဲ့အောင် ကြိုးစားသင့်တယ်။
အမှားကိုမြင် အပြစ်တင်နေတာထက် ပြင်လာအောင် ဘယ်လို ကူည်ီဖေးမမယ် ဆိုတာလေးကို
အရင်တွေးသင့်တယ်။
ရန်မလိုတတ်တဲ့ သူအတွက်
ရန်ပွဲမရှိနိုင်သလို အကောင်းမြင်တတ်တဲ့ သူအတွက် အဆိုးနဲ့ကြုံလည်း ခံနိုင်ရည်ရှိမှာပါ။
ကိုယ်ကဘယ်သူ့အတွက် လုပ်ပေးပြီးပြီလဲ ဘယ်သူ့ကို အကျိုးပြုခဲ့ဖူးလဲ
ရှေ့ဆက် ဘယ်လိုလုပ်သင့်တယ်ဆိုတာ တွေးသင့်တယ်။ သူများ မလုပ်နိုင်တာကို
အပြစ်တင်နေမဲ့အစား အကောင်းဆုံး အနေထားကို ရအောင်လုပ်သင့်တယ်။
ဝေဖန်ခဲ့ရင်လည်း မနစ်နာအောင် မထိခိုက်အောင် လုပ်ဆောင်ချင်စိတ်လေး ရှိလာအောင်
ပြုပြင်တဲ့ သဘောလေးနဲ့ပဲ ဝေဖန်သင့်တယ် "တံငါနားနီး တံငါ၊ မုဆိုးနားနီး
မုဆိုး" ဆိုတဲ့စကားလေး အတိုင်းပေါ့။ အနေထားအရ ပြောင်းလဲကြရတာလည်း
ရှိတယ်။
လူတိုင်းကို မေတ္တာ စေတနာနဲ့
အကောင်းမြင်တတ်အောင် ကြိုးစားသင့်တယ်။ တစ်ယောက်ကောင်းတာနဲ့
အများမချမ်းသာနိုင်သလို ဝေဖန်အပြစ်တင်နေကြရုံနဲ့လည်း
အကောင်းဆုံး အနေထားတစ်ခုကို မရောက်လာနိုင်ပါဘူး။ လိုအပ်တာက ကိုယ်တိုင် ပြန်လည်ဆန်းစစ်ပြီး
အပြစ်မမြင် နားလည်ခြင်းတွေနဲ့ ဖေးမအားပေးရင်း
လက်တွဲခေါ်ဆောင်ဖို့ပါ။ စေတနာက လူတိုင်းနဲ့ မတန်တာမဟုတ်ပါဘူး ကိုယ်က မပေးတတ်သေးတာပါ။
ကိုယ်တိုင်အရင် ပေးဆပ်မှပြန်ရနိုင်တာ မေတ္တာတရားပါ။ မိတ်ဆွေကောင်း လိုချင်ရင်
ကိုယ်တိုင် မိတ်ဆွေကောင်း ဖြစ်အောင် အရင်လုပ်သင့်တယ်။
ငါဆိုတဲ့ အတ္တနဲ့ မဆက်ဆံဘဲ
ရိုးသားဖြူစင်တဲ့ စိတ်ဓာတ်လေး ထားပေးပါ။ ဘယ်သူမကောင်းကောင်း ကိုယ်ကကောင်းပါ
နားလည်ပေးပါ။ ဝေဖန်တာထက် အကြံပြုတာ ဖြစ်အောင် လုပ်ယူပါ။ ကိုယ့်ကြောင့်
သူတစ်ပါး မခံစားရအောင် ရှောင်နိုင်သမျှရှောင်လို့ ပျော်ရွှင်မှုလေး ပေးနိုင်အောင်
ကြိုးစားနိုင်ကြပါစေ လို့ ဆန္ဒပြုရင်း ......
ဆက်လက်
ကြိုးစားပါဦးမည်..
လရိပ်လေး
ကောင်းပါတယ်နော် မမ သိပ်တော်တယ်နော် မမ
ReplyDelete