အချစ်ဆိုတာ ဒဏ္ဍာရီဆန်တဲ့ ပြယုဂ်တစ်ခုမဟုတ်ခဲ့ဘူး
တော်လှပါတယ်ဆိုတဲ့ သိပ္ပံပညာရှင်တွေ ဖန်ဆင်းပုံဖော်လို့မရဘူး
ကမ္ဘာကျော်တဲ့ ပန်းချီဆရာတွေ ပုံတူမရေးဆွဲနိုင်ဘူး
ရင့်ကျက်တဲ့ ကဗျာဆရာတွေ ထပ်တူကျအောင် မရေးစပ်နိုင်ဘူး။
တကယ်တမ်းတော့ အချစ်ဆိုတာ အနက်ရှိုင်းဆုံး
နှလုံးသားတစ်နေရာက ခံစားမှုနှစ်ခုကို
သမုဒယဆိုတဲ့ နှောင်ကြိုးနဲ့ ရစ်ပတ်တွယ်ငြိ
နှလုံးသွေးနဲ့လမ်းခင်းလို့ နားလည်မှုပျဉ်ချပ်လေးတွေနဲ့
တည်ဆောက်လိုက်တဲ့ လှပတဲ့အိပ်မက်ဆီလျှောက်လှမ်းမဲ့
အကြင်နာတံတားလေးပေါ့။
No comments:
Post a Comment