အတိတ်ကအဖြစ်များ
မေ့ရက်စရာလား
ပြင်စရာရှားတော့
အမှန်ကအမှားပေါ့
လောဘအလျား
မောဟအနားကွပ်လို့
သောကတွေအစာသွပ်
အတ္တမျက်နှာပြင်မှာ
မာနတွေအလှဆင်
သွေးစက်တွေမြေခ
ခေါက်ရိုးကျနေတဲ့ဒဏ်ရာ
မှန်ကန်စွာအနာကျက်စေဖို့
ဖျက်သင့်ကဖျက်
ပြင်သင့်ကပြင်လျှက်
ရှေ့ဆက်မဲ့အနာဂတ်တွင်
ငြိမ်းချမ်းခြင်းအသွင်မှတ်
သံသယဝှက်ဖဲတစ်ချပ်ရဲ့
လိမ်လည်ခြင်းအတိတ်ဇာတ်ကြမ်း
ရပ်တန်းကရပ်စမ်းပါ။
No comments:
Post a Comment