Pages

Wednesday, September 19, 2012

ချစ်သော မောင်



မေ့နှလုံးသားမှာ အချစ်ပန်းတွေမပွင့်တော့ဘူး
မေ့အသည်းမှာ သံယောဇဉ်တွေမရစ်ပတ်တော့ဘူး
မေ့ရင်ခွင်မှာ အကြင်နာတွေမထွေးပွေ့တော့ဘူးလို့
  မေ့ဘဝ မေ့ကမ္ဘာ ကို ချစ်ချင်းမဲ့ကမ္ဘာတစ်ခုလို ထင်ထားခဲ့တာပါ။

ဒါပေမဲ့မောင် မောင်နဲ့စတွေ့တော့
အချစ်ဆိုတဲ့ဆူး စိုက်စူးမိခဲ့တယ်
ကဗျာမရေးတတ်တဲ့ မေ ကဗျာတွေရေးနေမိတယ်
အတွေးမကြွယ်တတ်တဲ့ မေ မောင့်အကြောင်းတွေတွေးနေမိတယ်
အဲဒါ အချစ်လားမောင်။

 အချစ်ပြီးရင် နွေးထွေးမှုတွေ
ပိုင်ဆိုင်မှုတွေ အကြင်နာတွေ ပျော်ရွှင်မှုတွေနဲ့
နှလုံးသားချင်းနီးစပ်လို့ ထာဝရအေးမြမယ်ထင်ခဲ့မိတယ် မောင်။

အခုတော့ အလွမ်းတွေနဲ့ဘဲ့ ကျေနပ်နေရတာပါလားမောင်
ချစ်ခဲ့တာလွမ်းဖို့များလား ဝေးနေရဖို့လားမောင်
အမှတ်တမဲ့ချစ်ခဲ့တဲ့အချစ်က အမှတ်တရလွမ်းစေတာလားမောင်။

သဘာဝအလှတရားတွေက
မောင့်အချစ်လောက်ဆွဲဆောင်မှုမရှိဘူးမောင်
ချိုမြိန်တဲ့ သီချင်းသံလေးတွေက
မောင့်အသံလောက်မသာယာပါဘူးမောင်။

မောင့်ကိုချစ်မိလို့ အပူမိတဲ့မျက်ရည်တွေကို
ပုလဲလုံးတွေလိုပြောင်းလဲ လမ်းခင်းခဲ့မယ်ဆို
ကမ္ဘာမြေတစ်ခုလုံး
ပုလဲလမ်းတွေနဲ့လှပနေလိမ့်မယ်ထင်တယ်မောင်။

မောင့်ကိုချစ်ခဲ့လို့ လွမ်းရမယ်ဆို
လွမ်းတတ်အောင်သင်လိုက်ပါ့မယ်မောင်
ဘာကြောင့်လဲဆိုတော့
မေ လေ မောင့်ကိုအရမ်းချစ်ခဲ့လို့ပေါ့မောင်။

No comments:

Post a Comment