သမုဒယနယ်
အယုအယတွေပိုလို့
ကဗျာမပီ
စာမမှီအတွေးတွေနဲ့
အလှဆုံးဆိုတဲ့အရာဟာ
အချစ်လို့ယူဆလိုက်တယ်။
အခုတော့ရုန်းမရတဲ့
အချစ်တောမြိုင်အလယ်
ထွက်မရတဲ့ချစ်ခရီးဝင်္ကပါအလယ်မှာ
ခံစားတတ်တဲ့
နှလုံးသားတစ်စုံနဲ့
သောကအလွမ်းတွေ
ဝေလို့ နွမ်းကြေနေရပြီပေါ့။
တစ်မိုးအောက်မှာအတူရှိနေပေမဲ့
အသည်းချင်းကဝေးကွာနေရပြီ
ညီညာဖြောင့်ဖြူးတဲ့
မျဉ်းပြိုင်တစ်စုံလို
ဘယ်တော့မဆုံနိုင်တော့ဘူး။
ဘယ်ကံကြမ္မာ
ဝဋ်ကြွေးတွေကြောင့်
အပြစ်ကင်းတဲ့
ချစ်ခြင်းရဲ့မေတ္တာရိပ်က
ထွက်ခွာပြေးသွားခဲ့တာလဲ။
အနိုင်ယူတဲ့အပြုံးတွေနဲ့
ရက်စက်စွာထားခဲ့ပေမဲ့
ငါ့နှလုံးသားသွေးတွေ
အေးခဲသွားတဲ့အထိ
အရှုံးတွေတစ်ပွေ့တစ်ပိုက်နဲ့
နောက်ဆုံး
ထွက်သက်အထိ
တုနှိုင်းမဲ့ချစ်ခြင်းတရားတွေကို
အနက်ရှိုင်းဆုံး
ရင်တွင်းတစ်နေရာမှာ
လက်ရာမပျက်သိမ်းဆည်းရင်း
အလွမ်း
ဆိုတဲ့ တမ်းချင်းတစ်ပုဒ်ကို
ဆိုညည်းနေပါရစေတော့
ချစ်သူ။
No comments:
Post a Comment