ငှက်ကလေးတွေရဲ့
နားခိုရာဟာ အသိုက်၊ ပန်းကလေးတွေရဲ့ အားကိုးရာဟာ ဥယာဉ်မှူး၊ လူတွေရဲ့
နားခိုရာက အိမ်၊ မိသားစုတစ်ခုရဲ့ အားကိုးရာကတော့ အဖေဆိုတဲ့ အိမ်ထောင်ဦးစီး
အကြီးအကဲပဲ။ အဖေ့ရဲ့ မေတ္တာ အကြင်နာ အုပ်ထိန်းမှုသာ ကောင်းနေမယ်ဆိုရင်
မိသားစုလေးက အမြဲလှပ ပျော်ရွှင်နေမှာ အသေချာပါပဲ။
အဖေက စောင်းကြိုးညှိ၊ အမေက သံစဉ်လေးတွေ စီးမျောလို့
သီချင်းလေးတွေ ဆိုညည်း၊ သားသ္မီးတွေ လက်ခုပ်တီးလို့ သာယာလှတဲ့
ညတညကို ပျော်ရွှင်မှုတွေနဲ့ ကုန်ဆုံး၊ အနာဂတ်က လှပဖို့
ခွန်အားတွေတိုးလာမှာပါ။ မိသားစုတစ်ခု ဖြစ်လာပြီဆိုရင်
အဖေက သားသမီးတွေကို ထိန်းသိမ်းတတ်ဖို့ အကြင်နာပေးတတ်ဖို့ ဆုံးမတတ်ဖို့ လမ်းညွှန်တတ်ဖို့ အဓိကလိုအပ်တယ်။ သားသမီးတွေ တန်ဖိုးရှိတာ လိမ္မာတာ ကြိုးစားတာတွေကို အသိမှတ် ပြုပေးရမယ်။ ဆိုးတာ မိုက်တာကို ပြုပြင်ပေး နားလည်ပေးရမယ်။
အဖေက သားသမီးတွေကို ထိန်းသိမ်းတတ်ဖို့ အကြင်နာပေးတတ်ဖို့ ဆုံးမတတ်ဖို့ လမ်းညွှန်တတ်ဖို့ အဓိကလိုအပ်တယ်။ သားသမီးတွေ တန်ဖိုးရှိတာ လိမ္မာတာ ကြိုးစားတာတွေကို အသိမှတ် ပြုပေးရမယ်။ ဆိုးတာ မိုက်တာကို ပြုပြင်ပေး နားလည်ပေးရမယ်။
အဲလိုမဟုတ်ပဲ အတ္တတွေနဲ့ ငါလုပ်ချင်သလို လုပ်မယ်၊
ငါပြောသလိုလုပ် ငါလုပ်တာအမှန်လုပ်နေခဲ့ရင် သားသမီးတွေ လေးစားမှုကို ဘယ်လိုရနိုင်မလဲ။
အဖေက အုပ်ထိန်းမှုညံ့ဖျင်းခဲ့ရင် သားသမီးတွေက စိတ်ဓာတ်တွေကျလို့
ဆိုးတဲ့ဘက်ကို ပြောင်းလာမှာဘဲ။
သားသမီးတွေ ဆိုးတာကို ပတ်ဝန်းကျင်ကို ချပြနေရုံနဲ့ မိသားစုက အေးချမ်းလာမှာ မဟုတ်ဘူး။ အများပတ်ဝန်းကျင်က ကောင်းတယ်ဆိုတာ ခဏပါ။ မိသားစု အသွေးသားလောက် ဘယ်သူမှ ပိုမကောင်းနိုင်ဘူး။
သားသမီးတွေ ဆိုးတာကို ပတ်ဝန်းကျင်ကို ချပြနေရုံနဲ့ မိသားစုက အေးချမ်းလာမှာ မဟုတ်ဘူး။ အများပတ်ဝန်းကျင်က ကောင်းတယ်ဆိုတာ ခဏပါ။ မိသားစု အသွေးသားလောက် ဘယ်သူမှ ပိုမကောင်းနိုင်ဘူး။
တစိမ်းတရံဆိုတာ ရနိုင်တာကိုမြင်မှ ကူညီတာများတယ်။
အမေရဲ့တိုင်ပင်မှု သားသမီးတွေရဲ့ တောင်းဆိုမှုတွေကို
လစ်လျူရှုပြီး အများကိုပဲ အထင်ကြီးပြီး ကိုယ့်အတ္တနဲ့ လုပ်ဆောင်နေ သမျှတော့
ဘယ်လိုမှ မတိုးတက်နိုင်ဘူး။ သားသမီးတွေ လက်ခံတာ လက်မခံတာ
နားလည်တာ နားမလည်တာ အဖေက အဓိကအခန်းကလိုအပ်တာ။ အဖေက စီမံခန့်ခွဲမှု
ကောင်းနေရင် ဘာမှ ပြောစရာမလိုအောင် မိသားစုက လှပနေမှာ။ အဖေကိုယ်တိုင်က
တန်ဖိုးရှိတဲ့ သားသမီးကို နေရာပေး၊ လုပ်ဆောင်မှု အားပျော့တဲ့ သားသမီးကို
အားဖြည့်ပေး၊ တိုင်ပင်ဆွေးနွေးမှုတွေနဲ့ နေထိုင်ဖို့ လိုအပ်တယ်။
ကိုယ့်မိသားစုကို အရေးမထား သူတစ်ပါးမိသားစုကို အားကျဂုဏ်ယူ
အကူညီတွေတောင်း ရှိတာတွေပုံအော ရနိုင်မရနိုင် မတွေးတော
အတ္တဇောတွေနဲ့ မျှောမနေသင့်ဘူး။
မိသားစုတစ်ခု ပျော်ရွှင်တည်မြဲအောင် သားသမီးတွေနဲ့ မခွဲမခွာ
စည်းစည်းရုံးရုံး နေထိုင်ပြီး ဆုံးမသွန်သင် ပဲ့ပြင်သင့်တယ်။ အဖေက ကိုယ်တိုင်ရလာမဲ့
စီးပွားရေးကို ကြည့်ပြီး သားသမီးတွေရဲ့ ရင်တွင်းခံစားချက်
မိန်းမတစ်ယောက်ရဲ့ လိုအပ်မှုကို ဂရုမထားခဲ့ရင် အိမ်ဆိုတာ အကွပ်မဲ့တဲ့ကြမ်းလိုပဲ
ပရမ်းပတာဖြစ်လာမှာ။ ငွေမျက်နှာ တစ်ခုတည်းနဲ့ ငါအိမ်ထောင်ဦးစီးဆိုတဲ့
ပါဝါတစ်ခုတည်းနဲ့ လုပ်ချင်ရာ လုပ်နေမယ် သွားချင်ရာ သွားနေမယ် ဆိုရင်
မိသားစုကို ဘယ်လိုထိန်းနိုင်မလဲ။ အထိန်းအကွပ်မရှိတဲ့ အိမ်မှာ ဘယ်သူမှ မနေချင်ကြဘူး
ပျော်ရွှင်ရာကို ရူးသွပ်စွာ ရုန်းထွက်ကြမှာဘဲ။ လှပတဲ့ အနာဂတ်ကိုဖန်တီးဖို့
စွန့်စား ကြမှာဘဲ။ နာကျင်စွာနဲ့ ခံစားချက်တွေကို မြိုသိပ်ပြီး ဘဝကို ရုန်းကန်ကြမှာဘဲ။
အဲလိုတွေ ဖြစ်လာခဲ့တာ ဘာကြာင့်လဲ၊ အဖေကမှ မျက်နှာသာ မပေးတာ
တန်ဖိုးမထားတာ မိသားစုထက် ကိုယ့်အတွက် အရေးပေးတာ သူတစ်ပါးးကို အထင်ကြီးတာ
သားသမီးတွေကို ညီညွတ်အောင် မစည်းရုံးနိုင်တာ လေ။
ဘ၀မှာ လူရယ်လို့ဖြစ်လာခဲ့ရင် လူတိုင်းမှာ ဆန္ဒရှိတယ်
အတွေးရှိတယ် ထိုက်သင့်တဲ့တန်ဖိုးရှိတယ်။ ဒါတွေကို ပုံဖော်ကြမှာပဲ။
သားသမီးတွေကို အဖေကိုယ်တိုင်က ပုံဖော်ခွင့် မပေးခဲ့ရင် မျှော်လင့်ချက် မဲ့နေတဲ့
သားသမီးတွေ အဝေးကို လွင့်စင်ထွက်မှာပဲ။ ရပ်တည်ခွင့်ရတဲ့ နေရာက နေပုံဖော်မှာပဲ။
ဒါကို ဆိုးသွမ်းတယ်လို့ ဆိုမလား? မိဘကို ပုန်ကန်တယ်လို့ ပြောမလား? အဖေ အမေကို
လွမ်းလို့ ပြန်လာချင်တဲ့ သားသမီးတွေကို အဖေ့အတ္တတွေ ခဝါချပြီး
အဖေဘာလို့ လက်မခံနိုင်တာလဲ? အဖေ့ကို ကြောက်လို့ သားသမီးတွေ လွမ်းရင်း
ဝေဒနာတွေ မြိုသိပ်နေရတဲ့ အမေ့ကို ဘာလို့ မစာနာနိုင်တာလဲ? အဖေ့လုပ်ငန်း
အဖေ့တာဝန်တွေနဲ့ပဲ အချိန်ကို ကုန်ဆုံး စေမှာလား? မိသားစုအရေး သားသမီးတွေရဲ့
ခံစားချက်တွေကို အဖေဘာလို့ ထည့်မတွေးခဲ့တာလဲ? အဖေ့ဘ၀ အဖေ့အလှတွေက အများရဲ့
အားပေးမှုနဲ့တင် လုံလောက်မယ်လို့ ထင်နေတာလား?
တကယ်မိသားစု တစ်ခုမှာ လိုအပ်နေတာ အမေရဲ့ ဆွေးနွေးတိုင်ပင်မှု
သားသမီးတွေနဲ့ ပြန်လည်စုစည်းပြီး တန်ဖိုးရှိတဲ့ အတွေး တွေနဲ့
သားသမီးတွေကို မြေတောင် မြောက်ပေးပြီး အိမ်ကလေးနဲ့ မိသားစု တင့်တယ်လှပအောင်
ဖန်တီးသင့်တယ် အဖေရယ်။ အမေ့ကိုလည်း လွမ်းတယ်။ အဖေ့အတ္တကိုလည်း ကြောက်တယ်။ အဖေ ပြန်လက်ခံလာနိုင်မဲ့
နေ့ကို စောင့်ရင်း အဝေးကနေ မှန်းဆလွမ်းရလွန်းလို့ ရင်ထဲ မဆန့်တော့ပါဘူး
အဖေရယ်။ သားသမီးတွေကို နားလည်ခွင့်လွတ် နေရာပေးနိုင်တဲ့ သူတစ်ယောက်
အမြန်ဆုံး ဖြစ်လာပါစေတော့ အဖေရယ်။
အနာဂတ် လှပပြည့်စုံတဲ့ အိမ်ကလေးကို မြင်ချင်လှပြီ။
အမေ့ရင်ခွင်ကိုလည်း ပြန်ချင်လှပြီ အဖေရယ်။ နားလည်ပါတော့ အတ္တတွေနဲ့ ဖုံးလွှမ်း
သားသမီးတွေကို အပြစ်ရှိတဲ့ တရားခံတွေလို မြင်နေတဲ့ အဖေ ဘယ်တော့များမှ အမြင်မှန်ရလို့
သားသမီးတွေကို နားလည် နိုင်မှာလဲလေ အဖေ့ကိုယ်တိုင်တီး တဲ့စောင်းသံလေး
အမေဆိုတဲ့သီချင်းသံလေးနဲ့ သားသမီးတွေရဲ့ လက်ခုပ်သံလေးတွေ
ဆူညံလှပနေတဲ့ အိမ်ကလေးကို တမ်းတလွမ်းဆွတ်နေမိတယ် အဖေရယ်…။
အဝေးရောက်နေတဲ့ အိမ်လွမ်းသူများအတွက်
This comment has been removed by a blog administrator.
ReplyDeleteaww good healthy ma ma
ReplyDelete