Pages

Wednesday, September 19, 2012

အဝေး



ပင်ယံအထက် စိမ်းလန်းဝေလျှက်
ပင်ခြေအောက်နား နွမ်းခြောက်ပန်းများ
ချစ်သူတွေကြည့် ပီတိတွေအပြည့်
မြားနတ်မောင်လေး ဖူးစာတွေရေး
ချစ်ရသည်က ရင်နှင့်အမျှ။

ဝမ်းဝရေးထက် လွမ်းရရေးကို
ဦးစားမပေးခဲ့ ကြင်တဲ့ဝေဒနာ
ရင်စည်းခံခဲ့ ဒုက္ခအပူမီး
သောကကြီးကို လက်ပြနှုတ်ဆက်
အဝေးကိုထွက် ခဲ့……။

No comments:

Post a Comment