Pages

Wednesday, January 16, 2013

***လှပန်းဝေဆာ မောင်းမကန်ရွာ***


တောင်တန်းပြာများ ၊ ဝိုင်းရံထား၍
မြေသားဆီတက် ၊ ခက်လက်ဝေဖြာ
ရွာအဝင်လမ်း ၊ အုန်းခြံတန်းနှင့်
စိမ့်စမ်းတောင်ရေ ၊ စီးဆင်းနေသည်
တောင်ခြေရွာလေး ၊ စိမ်းစိုအေး ။

တောင်ပေါ်ထိပ်ဖျား ၊ စေတီများနှင့်
ဝင့်ကြွားသပ္ပါယ် ၊ နတ်ဘုံနှယ်သို့
စိတ်ဝယ်ခံစား ၊ ထင်မှတ်မှား၍
ငှက်များတေးချို ၊ လှအားပိုသည်
စာဆိုထိုင်ငေး ၊ ရွာကလေး ။

ရွာမြောက်ဘက်ခြမ်း ၊ ရေပူစမ်းသို့
ကြွလှမ်း၍လာ ၊ ဆွေသဟာဖြင့်
ရွာ၌ဧည့်စည် ၊ သာယာသည်မို့
ရွင်ကြည်နှလုံး ၊ ပျော်မဆုံးလျက်
ချစ်ထုံးရှည်တာ ၊ တို့တောရွာ ။

သာယာစည်ကား၊ ရွာနောက်ဖျားဝယ်
ဆေးသားပန်းချီ ၊ ရေးမမှီသည့်
နေခြည်ဆည်းဆာ ၊ ရွှန်းပစွာဖြင့်
ရေပြာကမ်းက၊ ရှုတိုင်းလှတော့
လွမ်းရပါသေး၊ တို့ရွာလေး။....(လရိပ်လေး)

No comments:

Post a Comment