Pages

Wednesday, January 9, 2013

***ငြိမ်းစေချင်***




ပြည်သူတွေအတွက်
ငြိမ်းချမ်းရေးတဲ့လား
လွဲမှားတဲ့အယူအဆ
မခယချင်တဲ့အတ္တ
အချင်းသတ်ကြ
မောဟ ဒေါသတွေ ခင်းပြ
လောကကိုအပြစ်မြင်
စစ်ကိုပဲ အကြိမ်ကြိမ်ဆင်။

ကြားကနေလူတန်းစား
အားထားစရာမဲ့
အပျက်ပျက်နဲ့
နှာခေါင်းသွေးထွက်
သွေးစက်တွေမြေခလို့
ငတ်မွတ်တဲ့ဘ၀ရောက်
နေစရာပျောက် စားစရာရှား
ဘ၀များကို သွေးသားနှယ်ထား
ကိုယ်ချင်းစာသနားလို့
အချင်းချင်းသတ်စားနေတဲ့
စစ်မီးရယ် အမြန်ငြိမ်းပါစေသား။....(လရိပ်လေး)

No comments:

Post a Comment