Pages

Tuesday, January 29, 2013

***တည်စေမည့် သစ္စာ***



လှိုင်းထလေဆန် ကြိမ်ကြိမ်ဖန်၍
ရေဒဏ်မိုးဒဏ် တိုက်ခိုက်ပြန်လည်း
အားမာန်မကျ လမ်းစရအောင်
စိတ်ကဆောင်ကျဉ်း ဘ၀လင်းအောင်
စိတ်ရှင်းရှင်းဖြင့် ချီတက်မည်။

မလိုမုန်းထား အတ္တများကြား
ဖောက်ပြားလော်လီ လောဘမှီ၍
အညီဟောက်တွေ ဖက်တွယ်နေလည်း
မသွေမပျက် တရားဖက်ကာ
ရှေ့ဆက်လို့သာ ကောင်းရာရှာမည်။

ငါ၏ဘ၀ မလှပပဲ
ဒုက္ခကြုံလည်း မလျှော့ဇွဲဖြင့်
စွဲမြဲယုံကြည် အားသစ်ချီကာ
မာန်ဖီခြင်္သေ့ သားကောင်တွေ့သို့
မထိတ်မလန့် စိတ်သန့်သန့်ဖြင့်
မရပ်တန့်ပဲ ရှေ့ဆက်မည်။

အလင်းစမဲ့ မှောင်မိုက်ခဲ့လည်း
ငါ့ရဲ့စိတ်ထား ပြောင်းမသွားအောင်
အားထားစေရာ ငါ့စိတ်သာမို့
မှန်စွာကျင့်သုံး ဘ၀ဆုံးထိ
မူထုံးသိအောင် ငါစွမ်းဆောင်၍
ကောင်းအောင်ကောင်းကျိုး ငါမြတ်နိုးစွာ
ကြိုးကြိုးစားစား လုပ်ဆောင်သွားမည်။

ငါသာသေခဲ့ ဘ၀ပျက်လည်း
ငါ့ရဲ့မေတ္တာ စေတနာတွေ
ကမ္ဘာလောက ဤဌာနတွင်
ဝင်းပထင်ကျန် ဆက်ရှင်သန်အောင်
စိတ်မှန်စွာနဲ့ ပေးဆပ်ခဲ့မယ်
ငါ့ရဲ့သစ္စာ တည်စေသား။.....(လရိပ်လေး)

No comments:

Post a Comment