Pages

Friday, January 11, 2013

***လွမ်းလှပါသည် လယ်ကွင်းဆီ***



မိုးစက်မြေလူး၊၀ဿန်ဦးဝယ်

မြူးတူးခုန်ပေါက်၊ လယ်ကွင်းလျှောက်ကာ

ဖားကောက်လို့ပျော်၊ လွမ်းကာမျှော်မိ

မော်မော်ကြွားကြွား၊ စိမ်းရောင်လွှားကာ

ငွားငွားစွင့်စွင့်၊ လှအားတင့်၍

ပင်မြင့်တက်လာ၊ စပါးမှာမူ

ဘယ်ညာနွဲ့ယိမ်း၊ လေမှာတိမ်း၍

စိမ်းစိမ်းရင့်ရင့် လှရက်သည်။..

No comments:

Post a Comment