Pages

Monday, January 28, 2013

***အလွမ်း အမြူတေ***



တသိမ့်သိမ့်တုန်
ချစ်ငွေ့လှုံကာ

ဆံချည်မှုန်မျှ
နေချင်လှလည်း

ဝဲဂယက်နှယ်
သောကကြွယ်၍

ဌာနေရယ်ခြား
ကြမ္မာအားငယ်
ဘ၀ရယ်ကြောင့်

လွမ်းဆိပ်သောက်ကာ
လွမ်းနေပါသည်

လွမ်းစာစီကုံး
လွမ်းသူ့ပြုံးကို

လွမ်းအားပိုကာ
မျှော်နေတာမို့

အလွမ်းတို့သာ
တည်ပါစေသား။.....(လရိပ်လေး)

1 comment:

  1. လှလိုက်တဲ့ ကဗျာလေးနှယ်
    ခေါင်းစဉ်လေးမှာကတည်းက
    ကြွေနေတာ ....ဒီက
    ဖတ်လိုက်တော့ ရေရေလည်လည်ကို
    ထိတယ် လရိပ်ရေ....:)))
    မိုက်စ်ပါနော်
    ခင်တဲ့.....မိုးနတ်

    ReplyDelete