Pages

Thursday, January 24, 2013

နောက်ကျတတ်တဲ့ကျွန်တော် နဲ့ သူရဲ့ဥပေက္ခာ _________________________________



ခပ်နက်နက် ကောင်းကင်ထက်က
ကြယ်စင်တွေကြားထဲ မင်းပုံရိပ်ကို
ကောက်ကြောင်းဆွဲလို့.........

ငါ့ရင်ခုန်သံ လှိုင်းထန်နေခိုက်
ခပ်ပျစ်ပျစ် အလွမ်းတွေကိုမျိုချလိုက်တယ်.....

အဲ့ဒီအချိန်မှာ အချစ်နတ်သမီးနဲ့စီချင်းထိုးလို့
အဘယ် နတ်ဆိုးက ငါ့နှလုံးသားကို
ကျိန်စာ တိုက်ခဲ့တာလည်း..........

တစက်စက် ကျလာတဲ့ နှလုံးသွေးတွေမြေခ
အဲ့ဒီညမှာ........ ငါ့ရင်ထဲ
မင်းရဲ့ ဥပေက္ခာ စကားလုံးတွေ
မိုးအဖြစ် ထပ်ထပ်ပြီး ရွာချတယ်...............

ငါတို့နှစ်ယောက်ရဲ့လမ်းမှာ
မှောင်နက်မည်းမည်း
မိုးတွေလည်းသည်းခဲ့ဘူးတယ်။

သံသယအရိုင်းတွေနဲ့
မင်းယုံကြည်ချက်ယိုင်လဲခဲ့တာ ငါ့အမှာလား။

တကယ်ဆိုရင်
နင်ဟာ
ကော်ဖီအမှတ်နဲ့ ခပ်ပျင်းပျင်းဖျော်စပ်ခဲ့တဲ့အဆိပ်တစ်ခွက်

နင့်အတွက်ချစ်တက်ခြင်းဆိုတာ
ငါကိုယ်တိုင်ရေးစပ်ပြီး
ခေါင်းစဉ်မတပ်ရသေးတဲ့ကဗျာတစ်ပုဒ်။

စကားလုံးဆိုတာ ဗုံးမဟုတ်ပေမယ့်
တစ်ခါတရံ
ရင်ဘတ်ကို ထိမှန်ပေါက်ကွဲတက်တယ်ဆိုတာ သေချာရဲ့.။

ဟင်းလင်းပြင်ထဲ ၀ှက်ထားလိုက်တဲ့
မင်း ကို ပေးချင်တဲ့ ငါ့နှလုံးသားလေး
အခုတော့ မြူခိုးတွေ ငွေ့ငွေ့ အောက်မှာ
ကွယ်ဖျောက်လိုက်ရ တဲ့ အဖြစ်.............

တွေးကြည့်လိုက်တိုင်း လွဲခဲ့ရတဲ့
ချစ်ဦးပုံပြင်တွေနောက်
ငါလည်း အခု ခပ်သွက်သွက်လိုက်ပြီး
ဒဏ္ဍာရီ မဆန်အောင် သရုပ်ဖော်လို့
ခပ်ထက်ထက် စကားလုံး မြှားတွေအောက်
ငါ့ နှလုံးသားကို ချခင်း.........
နောက်တစ်နေ့ ဆက်ရန်အတွက်
နေ၀င်ချိန်ကို စောင့်ရဦးမှာလား.............

အဲဒီမိုးသည်းညမှာ
မာန နဲ့ယက်လုပ်ထားတဲ့ မနက်ဖန်များစွာအတွက်
အဲဒီစကားလုံးတွေ ငါသုံးမိခဲ့တယ်ဆိုရင်
ငါ့အတွက် နင့်ချစ်တက်ခြင်းမှာ
သည်းခံ ရနံ့တွေကင်းနေမှာသေချာရဲ့။

ခုတော့ ဆောင်းမဲ့
နှင်းမဲ့ဘန်ကောက်ညထဲ
ငါ ခေါင်းစဉ်မတပ်တတ်တော့တဲ့ကဗျာတစ်ပုဒ်
ကော်ဖီအမှတ်နဲ့ စိတ်တိုင်းကျ ဖျော်စပ်ထားတဲ့ အဆိပ်ပြင်းပြင်းတစ်ခွက်
ဖျက်ရာကင်းတဲ့ တို့နှစ်ယောက်အိပ်မက်ကောက်ကြောင်း
ငါ စာလုံးမပေါင်တက်တော့ဘူးကွယ်။

တွေ့ဆုံခြင်းနိဒါန်းအစမှာကိုက
ငါက နောက်ကျနေတဲ့ ကောင်
နင်......မသိချင်ယောင်ဆောင်နေလိုက်ပါ.............

လေတံခွန် & လရိပ်လေး

No comments:

Post a Comment