Pages

Wednesday, January 9, 2013

***ကျွမ်းမြေ့အလွမ်း***


အတွေ့ခက်လေတော့
နီးရက်တွေကြုံဖို့ရေး
အခါခါတွေး ရင်မှာနာ
မခံသာ ဖြေရာမဲ့
လွမ်းလျှက်သာငို။

မိုးစက်ပမာ မျက်ရည်ဝေ့သီလို့
အသည်းလှိုက်စားနာကျင်
ဖြေမရွှင် နေထိငြိုးတဲ့ပန်းလိုပါ့

နွမ်းလျမရွှင်....။

ချစ်ချင်းရယ်ပို သစ္စာဆိုကတိတွေက
သွေမပျက်ပါ

ရင်ထက်မှာ အစဉ်ရှိသော်လည်း
မိုးရိပ်လွှာ
မှိုင်းညှို့ကာ ဆွေးစေအားတယ်....ကွယ်
လွမ်းရက်ကိုနှင်း။

No comments:

Post a Comment