Pages

Thursday, January 24, 2013

***ဇရာ ၏ နိဂုံး***



အိုမင်းမစွမ်း
သားရောင်နွမ်း၍
လန်းဆန်းစိတ်တွေ
မြေခလေပြီ။

ဆေးသားပန်းချီ
ရေးမမှီအား
သမီးသားနဲ့
ပျော်ခဲ့ရက်တွေ
ကျန်ခဲ့လေပြီ။

စွမ်းလှခွန်အား
လှတရားတွေ
ရွတ်တွကြေမွ
ဇရာပြ၍
ကံစေရာနောက်
တကောက်ကောက်ဖြင့်
တရွေ့ရွေ့သာ
လိုက်ရရှာပြီ။

မမြဲခြင်းတရား
မာနများနှင့်
အလှပတွေ
စုဝေးနေလည်း
အိုခြင်းမြဲကာ
သေရမှာက
သဘာဝမို့

လုံ့လထုတ်ကာ
ဘာဝနာပွား
မေတ္တာထား၍
သေမည့်နေ့ကို
စောင့်ကြိုလျာထား
အသင်လူသား။......(လရိပ်လေး

No comments:

Post a Comment