Pages

Thursday, January 3, 2013

****စတုတ္ထမြင့်မိုရ်****




ပန်းပျိုးတဲ့လက် စုတ်ပေဖြတ်လည်း
မငဲ့ဘ၀ ရသမျှဖြင့်
ကြောင့်ကြကင်းတိပ် မေတ္တာရိပ်မှာ
ပျော်မွေ့စရာ တတ်ပညာကို
သင်ကာလမ်းပြ ဘ၀လှအောင်
စွမ်းဆောင်စေတာ အဖေပါ။

ဘ၀ခရီး ကြိမ်ပုံမီးနှယ်
တွေ့ကြုံဝယ်လည်း ရင်ဆိုင်ရဲကာ
မာန်တင်းကာဖြင့် အံတုဖတ်ပြိုင်
နှင်းအပ်ပိုင်စေ ဘ၀နွေထဲ
ကြိုးကုတ်ခဲ၍ ကိုယ်နှင့်အသက်
နှင်းအပ်ပေးထား သမီးသားတွက်
လေးစားဖွယ်ရာ ဂရုဏာနှင့်
ရဲရဲရင့်ရင့် ဟို...အမြင့်ကို
တင်မြှောက်ပေးတာ အဖေပါ။

ဘာသာတရား အလေးထား၍
ပွားများမေတ္တာ စေတနာနှင့်
အရာရာကို အသိပိုအောင်
ပြောဆိုဆုံးမ ရှေ့လမ်းပြကြယ်
နေရာဝယ်လည်း သူအမြဲရှိ
ဆောင်မကြည့်တာ အဖေပါ။

အဖေ့မေတ္တာ နှိုင်းတုရာမဲ့
ကြင်နာခဲ့၍ မမေ့စိတ်ဝယ်
အရိပ်နှယ်ဖြင့် တစ်ရစ်ရစ်တိုး
တွယ်တာကိုးစိတ် ရင်ထဲသိပ်ကာ
နှစ်ရက်ကြာအောင် မပြစ်မမုန်း
ရစ်ချည်ထုံး၍ ချစ်ကြည်နှလုံး
မြဲရွှင်ပြုံးကာ နေချင်ပါလည်း
ကံကြမ္မာညှိုး ရေစက်မိုးက
ခေါက်ရိုးကျိုးကာ ရက်စက်ရှာပေါ့
ဘ၀ကာခြား ထားခဲ့သွားပြီ။

ရင်နာကြေကွဲ လွမ်းလျှက်ပဲလေ
နေ့ရက်တိုင်းမှာ ပို့မေတ္တာဖြင့်
ရောက်ရာဘုံဘ၀ ထိုဌာနမှာ
ပျော်ရွှင်နိုင်စေ တောင်းဆုခြွေသည်
ခါတွေမလပ် ဘယ်မပျက်ပေါ့
အဖေသုဂတိ လားပါစေ။....(လရိပ်လေး)

No comments:

Post a Comment