Pages

Thursday, January 24, 2013

***ကိုယ်တိုင် ထုဆစ်ခြင်း***


အချိန်တွေသေဆုံးကုန်ပြီ
မျက်ရည်သမုဒ္ဒရာခမ်းလုလု
လွမ်းထုထည်သိပ်သည်းခြင်းဆတစ်ရာ။

လမင်းရေ
အေးမြခြင်းမာယာနဲ့
ဆန်ကာတင်ရွေးခဲ့တဲ့ ချစ်ခြင်းသောက
ချော်ရည်ပူတွေသွန်ချလို့
ကျောက်ခေတ်ဆန်ဆန် မှတ်တမ်းပြုခဲ့ပါ။

ငါက
ဆောင်းနှင်းငွေ့ရည် ခံချင်တာ
သေရာပါတံဆိပ်ခတ်ပြီး
မီးပင်လယ်ကို ရဲရဲဖြတ်လျှောက်နေမိပြီ။....(လရိပ်လေး)

No comments:

Post a Comment