Pages

Wednesday, January 16, 2013

**လွမ်းစေတမာန်**



ရွှေကျေးငယ်ရေ ၊ တနယ်ပြည်မှ
ငယ်ကချစ်ဖူး ၊ မေ့သဲဦးကို
စူးစူးနစ်နစ် ၊ ချစ်တဲ့အကြောင်း
ထပ်လောင်းပြောရန် ၊ လေဆန်လှန်၍
မှန်မှန်ပျံကာ သွားပါလေ ။

ရွှေကျေးငယ်ရေ ၊ ဝေးတမြေ၌
ဆောင်းလေသော့ရမ်း ၊ ပန်းများနှင်းစို
အချမ်းပိုပြီ ၊ မောင့်ကိုလွမ်းလို့
ကိုယ်နွမ်း စိတ်ပူ ၊ ချစ်သဲဖြူ ထံ
သူပြန်လာဖို့ မှာပါလေ ။

ရွှေကျေးငယ်ရေ ၊ တမြေ လူကြား
သွားလာ နေ့ည ၊ မောင့်ဘဝ၌
မကျစိတ်ဇွဲ ၊ အားမာန်မြဲလျက်
လူလဲကျန်းမာ ၊ စိတ်ချမ်းသာရေး
မေတ္တာပေးကြောင်း ပြောပါလေ ။

ရွှေကျေးငယ်ရေ ၊ မေ၏ အမှာ
ခွန်းခြွေလွှာကို ၊ သေချာပြောကြား
မောင့်အား သိ၍ ၊ မေ့ထံ ပြန်ကြား
မောင့်စကားကို ၊ မှတ်သား မမေ့
တစ်နေ့ မဆိုင်း ၊ လေစုန်လှိုင်းဖြင့်
တို့တိုင်း တို့ပြည် ပြန်ခဲ့လေ ။......(လရိပ်လေး)

No comments:

Post a Comment