Pages

Thursday, January 3, 2013

***ဝေးလွင့်ခြင်း***



ပျိုးမချခင်ကတော့ ရိုးမမှာငိုသံတွေဆူညံနေပါရဲ့
မိုးဝဿန်ကို ဘယ်တော့မှ မညာခဲ့မိဘူး
စိုစိုရွှဲလို့တစ်ရှိုက်မက်မက်လေး ငါထွေးပွေ့ခဲ့တာပါ။

သွေးတစ်စက်ရဲ့ ဒဏ္ဍာရီကို အတိတ်ခြေရာလို
မေ့ရက်ချင်ပေမဲ့ တေးသွားတစ်ပုဒ်လိုအလွတ်ရနေပြီ
စီးမျောရင်း ဝေးလွင့်နေရတာ ကမ္ဘာပျက်လုလု
ရင်ခုန်သံ စည်းချက်မှန်နေတယ်။

မြစ်တစ်စင်းရဲ့ မာယာကို ဟန်ပါပါ မြတ်နိုးလိုက်တာ
အငိုက်မိတဲ့ ကဗျာတစ်ပုဒ် ခပ်သုတ်သုတ်လေး
လွမ်းနေလေရဲ့ မှတ်တမ်းမဲ့တဲ့ ကျရှုံးခြင်း သိမ်မွေ့ခြင်း
တွေနဲ့ ပြုံးနေတယ်။

တိမ်ပြိုခဲ့တာ မိုးစက်တွေဖြစ်တည်ဖို့ဆိုရင်
တွယ်ငြိခဲ့မိတဲ့နှလုံးသား အကျဉ်းစံဘ၀ မတောင့်တပဲရလိုက်တာ နင့်ရဲ့မာယာမပါတဲ့ ပြုစားမှုအောက်မှာ နုနုလှလှလေး အသုံးတော်ခံလိုက်လို့ပါ………ချစ်သူ။

ဆုံဆည်းခြင်းဆိုတာကို အငမ်းမရတမ်းတနေပေမဲ့
ပန်းလှလှတွေမြင်ရရုံ နမ်းရှိုက်ခွင့်မဲ့တဲ့ ဥယာဉ်မှူးဘဝ
အလွမ်းခါးခါးတွေပဲ စက္ကန့်တိုင်းအချိန်ညှိနေကြတယ်
ဝေးလွင့်ခြင်းဆိုတာကို ကမ္ဘာ့အပြင်ဘက်မှာ
ကျောက်ချတားချင်တယ်……… ချစ်သူ။.....(လရိပ်လေး)

No comments:

Post a Comment