Pages

Friday, January 25, 2013

***နံနက်ချိန်ခါ တို့တောရွာ***



တို့တောရွာ နံနက်ခင်း
အဆင်းရယ်တင့် လှတွေစုံ
ပြောပြမကုန် တကယ်ထူး
ကျေးငှက်ငယ်မြူးပါလို့
လယ်ပြင်မှာ စပါးတွေစိမ်းလို့ရယ်
ယိမ်းနွဲ့ကာလှပုံက ဆန်းလှတယ်လေး။

ရွာဦးကျောင်းက
ကိုရင်တွေ ဆွမ်းခံထွက်ပေ
စိမ်းရွှေရွှေ စပါးပင်တွေကြား
ဘုန်းကျက်သရေ တင့်ပေအားတယ်
ဘုရားသာသနာ ဆက်ကာထိန်းလို့ရယ်
မြတ်လှတယ်လေး။

ပျိုလေးတို့အိမ်နား
ရောက်လို့သာလာတော့မယ်
ဆွမ်းလောင်းကြကွယ်
သာသနာရယ်ကြုံကြိုက်တုန်း
ဖြူစင်စွာ ကုသိုလ်တိုးရအောင်
တူတူဆုံစုကာလောင်းကြမယ်
ဝမ်းမြောက်ဖွယ်လေး။......(လရိပ်လေး)

No comments:

Post a Comment