Pages

Wednesday, January 9, 2013

***ထမင်းရှင်များ***



ရွှံ့နွံ့တွေထဲ နေ့ရက်မပျက်
မိုးသက်လေထန် ဒုက္ခခံကာ
လယ်ယာစပါး အထွက်များအောင်
အားထုတ်ကြိုးစား အများပြည်သူ
မပူမပင် နေ့စဉ်စားဖို့
ဝိုင်းလို့စုထား အင်အားများဖြင့်
ရိုးသားလှစွာ လုပ်ကြရှာတဲ့
လယ်ယာလုပ်သူ သူတို့ခမျာ
စားရသည်ကား မလောက်မငှ
ဆင်းရဲလှစွာ နေရပါလည်း
မလျှော့ဇွဲနဲ့ ပြုံးမပျက်ပဲ
ရုန်းမထွက်ချင် လယ်မြေကိုခင်
တကယ်ပင်မို့ ငါတို့တတွေ
မေတ္တာဝေ၍ ဖေးမလို့သာကူပါလေ။.

No comments:

Post a Comment