Pages

Saturday, January 26, 2013

***မွေးမေ တမ်းချင်း***



ကျွမ်းရင့်အသည်း
လွမ်းဝေ့၀ဲလို့
မျက်ရည်စို့ကာ
တမ်းတပါတယ်
အမေရယ်။

ဘယ်ပန်းချီရေး
စာမူသွေးလည်း
မရောင့်ရဲနိုင်
တုပမှိုင်ငေး
အရှုံးပေးရ
မေမေ့လှတွေ
မြင်ယောင်နေမိ
လွမ်းပါဘိလေ
အမေရေ။

ဘယ်ချိန်ဘယ်ခါ
ပြန်လို့သာဆုံ
ဘယ်သို့ကြုံမယ်
ရင်ခုန်ကွယ်ဆွေး
စိုးရိမ်တွေး၍
ရင်ထဲနင့်နာ
မွေးမြေရာသို့
လွမ်းလို့တေးသီ

ပန်းချီချယ်မှုန်း
အမေ့ပြုံးကို
ဖူးလိုလှသည်
စိတ်ကရည်လျှက်
ထွေးပွေ့ရှိုက်ငမ်း
မေမေ့နမ်းလေး
နွေးလို့သာထင်
ရခဲ့ချင်ရဲ့
တမ်းတလျှက်လေ
ဝေးသောမြေမှာ
ဆွေးစိတ်ဖြာသည်
မွေးမေမာ၍
အေးစေသား။....(လရိပ်လေး

No comments:

Post a Comment