Pages

Saturday, January 19, 2013

ပန်းသီးတစ်လုံးကို စားသုံးခြင်း



♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥


ဧဒင်ရယ်
အာဒံရယ် .. ဧ၀ရယ် ..
တူနှစ်ကိုယ်တည်ဆောက်ခဲ့သော ဥယျာဉ်
ထိုစဉ်က သစ္စာ မလိုဘူး ၀တီ
မေတ္တာမည်သော ပလိန်း တစ်ခွက်နဲ့
နှစ်ဆယ့်တစ် ရာစုမှာတော့
အစိမ်းသက်သက် သောက်လို့မရဘူး
ဒို့ နှစ်ယောက်လျှောက်မယ့် ခရီးလမ်း
ဖ၀ါးမှာ ဖိနပ် မလိုဘူး ၊
ရင်ဘတ်ထဲမှာ သစ္စာပဲလိုတယ် ၀တီ ။

မောင်
မောင်ပြောတဲ့ အာဒံရယ် ဧ၀ရယ်
ဧဒင်ရယ်ကို အားကျလို့မဟုတ်ပါဘူး
ခေတ်သစ် ရှင်မွေးလွန်းနဲ့ မင်းနန္ဒာလို
အလွမ်းတွေနဲ့
ရေမြေခြားတဲ ဘ၀လည်း မဖြစ်ချင်ဘူး
အချစ်ကို ဘာညာလို့လည်း မောင့်လို
ဝတီ ဘာသာ မပြန်တတ်သေးဘူး မောင် ။

အထုံဝါသနာအရမှ
မဟုတ်ခဲ့တာပဲ .. မရယ်
လုံ့လတွေသန္ဓေမတည်ဖြစ်ပဲ
ရင်ဘတ်ခြင်း ချပ်ပင်ထိုး
story တွေမလိုအပ်ခဲ့ပါပဲ
မက မောင့်ရဲ့သင်္ကေတဖြစ်နေခဲ့တယ်

မောင် ကံကြမ္မာအရလား
ဆန္ဒတွေကြောင့်လား
ရင်ချင်းအပ် နှလုံးသားချင်းနီးစပ်လို့
ဖွင့်ဟခဲ့တဲ့ ချစ်စကားက
မနဲ့မောင်ရဲ့ ( Valentine Day )
အမှတ်တရ အချစ်သင်္ကေတပေါ့မောင်။

ဒီဘဒ္ဒ ကမ္ဘာကြီးထဲမှာ
မောင်က ရုပ်ဝတ္ထုတစ်ခုဆို
ဝတီက မောင့်စိတ်ကူးတွေကို
စွဲငင်ထားတဲ့ ကမ္ဘာမြေ
မောင်က နေကြာတစ်ပွင့်ဆို
ဝတီက ဟိုးးအမြင့်က ငြို့ငင်နေသော သူရိန်နေ
မောင်က လှိုင်းလေးသာဆို
ဝတီက တဖျတ်ဖျတ် လှုပ်ခတ်စေသော လရောင်
ဝတီက မြောက်အရပ်ဆို
မောင်က သံလိုက်အိမ်မြှောင်
ဒိထက် အချစ်ကို ပုံဆောင် ထပ်ဖွဲ့ပြရင်
အာဒံတစ်ယောက် မဲ့သွားမှာ စိုးလို့
( Valentine Day ) ညမျိုးမှာ
တိုးတိုးလေးပဲ ပြောပြတော့မယ် ၀တီ ။

မောင်
မောင့် နှလုံးအိမ်လေးရဲ့
ချစ်ခြင်း ပြဇာတ်တစ်နေရာမှာ
( ၀တီသာ တန်ခိုးရှင် တစ်ယောက် ဖြစ်မယ်ဆိုရင် )
မောင့်ရဲ့ ရင်ထဲမှာ အချစ်တွေကို
သစ္စာနဲ့ အတူ ဖန်ဆင်းပြီး ထည့်ပေးချင်တယ်
ဒီလို ( Valentine Day ) ညမှာပါ့
ကော်ဖီခါးခါးလေးနဲ့
မောင့်ရဲ့ နွေးထွေးတဲ့ မေတ္တာတွေ အကြောင်းကို
အတွေးနက်နေရမယ် ဆိုင်ရင်ပဲ
မောင့် မေတ္တာက
ဝတီ အတွက်တော့ လုံလောက်နေပါပြီ ။

လရိပ်ရဲ့ဖြန့်ကျတ်မှုအောက်
တစ်ယောက်နဲ့တစ်ယောက်
အကြင်နာတွေပစ်ပေါက်ကြရင်း
ဒီလို ( Valentine Day ) ညက
အနံ့အရသာလက်ဖျားခါရတဲ့
မောင့်အတွက်ပေါ့ ..
အဟာရဖြစ်တဲ့ ဆောင်းတစ်ခွက်
မ အချစ်တွေနဲ့ချက်ပြုတ်ထားခဲ့လို့ပါ ။

ဆုံးအံ့မထင်တဲ့
ကောင်းကင်ပြာအောက်
မောင်နဲ့မ အနမ်းတွေခြွေချရင်း
နှစ်တစ်ရာမမေ့သာအောင်
ချစ်ကမ္ဘာလေးစတည်လို့
ဒီလို ( Valentine Day ) ညတိုင်း
မောင့်မေတ္တာ အချစ်စခန်းလေးမှာပဲ
မွှေးပျံ့ပျံ့ချစ်သင်းရနံ့လေးနဲ့
ထွေးဖက်လို့နေလိုက်ချင်တယ် မောင် ။





ချစ်သူများနေ့မှာ
( ကျနော်တို့လိုပဲ )
ချစ်တတ်သူတွေ အားလုံးပဲ ပျော်ရွှင်ကြည်နူးကြပါစေး)
ဝေးသူတိုင်းလဲ နီးလို့ ၊ နီးသူတိုင်းလည်း အဆင်ပြေကြပါစေး)



( ဝေယံမောင်မောင် ♥ လရိပ်လေး ) + ( နွေဦးမောင်မောင် ♥ နေ၀တီ )

No comments:

Post a Comment