Pages

Friday, January 25, 2013

***နေထိပန်းလေးများ***


တိတ်အကြောင်း
မကောင်းခဲ့တာလား….
ဝမ်းရေးပူဆာ မနေသာ
ဖွေရှာကာ ဗန်းကိုင်ရောင်းရတယ်
သနားစိတ်ရယ်ပွား။

ဆိုးလှတဲ့ ကြမ္မာများ
လောက၀ယ် ပညာမဲ့ကာ
ကံစေရာ ခံနေရတာလား
တွေးလို့သာ ရင်မှာမကောင်းလှတယ်
ဖြစ်ရလေအား။

နောင်အခါ ဘ၀တွေလှစေအား
စေတနာရယ် တကယ်ထား
ကူညီကာ မေတ္တာပေးလို့ကွယ်
ဖေးမစို့လား။.......(လရိပ်လေး)

No comments:

Post a Comment