Pages

Wednesday, January 9, 2013

***ကြမ္မာအောက် လမ်းပျောက်သူများ***



ရက်စက်လှပေ
ကြမ္မာလေလား
ဘ၀များက
နုံခြာလှပေ
နေရလေတဲ့
တဲအိုပျက်ငယ်
ပညာရယ်ဝေး
စားသောက်ရေးခက်
သနားလျှက်သာ
မြင်ရတာမို့
ရင်မှာဆို့ကာ
စာကဗျာရေး
ကူညီပေးချင်
စိတ်အားရွှင်လည်း
အခက်ခဲကြောင့်
မပေါက်ရောက်သေး
ရောက်မည့်ရေးကို
တောင်းဆုဆိုကာ
အဝေးကသာ
နေရရှာ၍
ရင်နာလှပြီ
ဖြေမဆည်သို့။.....(လရိပ်လေး)

No comments:

Post a Comment