Pages

Friday, December 7, 2012

***နားလည်ပေးပါ***






ချစ်ခြင်းဆိုတဲ့အရာတစ်ခုကို အသက်သွင်းမိမှ
သပွတ်အူလိုရှုပ်ထွေး ခပ်ရေးရေးလေးတောင်မြင်ခွင့်မရတဲ့အတွေးစတွေကို
ပြင်းပြင်းရှရှ ဝိုင်တစ်ခွက်နဲ့ ရောချလို့
အငမ်းမရသောက်မိလိုက်သလိုပါပဲလား။

ပူလောင်စပ်ခါး ရသတွေစုံလို့
သမုဒယတွေရစ်နှောင် စည်းဘောင်တွေမသိ
ငြိတွယ်နေလိုက်တာများ မှော်ဆရာရဲ့ညှို့ချက်အောက်က
မြွေတစ်ကောင်အလား ထင်ယောင်ထင်မှားနဲ့
ရင်ဝကိုဓားစိုက်တာတောင် ပန်းနဲ့ပေါက်တယ်ထင်မိမှာ။

နေ့ညတွေကုန်ဆုံး ရာသီတွေလုံးပါးပါးနေလည်း
နှလုံးသားမှာ အချစ်ရှိနေသမျှတော့
မတွေ့ရလဲ အရစ်ကျလွမ်းလို့ တမ်းတမ်းတတ
သတိရနေတော့ ဟမ္မူရာဘီ ကိုဓ ဥပဒေအတိုင်းသာဆို
ချစ်သူရေ နင်ငါ့အတွက် သံသရာတစ်လျှောက်ပေးဆပ်တာတောင်
ငါ့အချစ်ရဲ့ အငွေ့အသက်လောက် ကြေမှာမဟုတ်ဘူး
မချစ်ဖူးတဲ့ အချစ်ဦးမို့ ရူးခဲ့တဲ့ငါ့ကို
ငါအသက်ရှင်နေသမျှတော့
နားလည်ပေးပါဟာ။ (လရိပ်လေး)

No comments:

Post a Comment